ကရင်နီသမိုင်းဖြန့်ဝေခဲ့တဲ့ လူငယ်တွေကို အမှုပြန်ရုတ်သိမ်း

ကရင်နီသမိုင်းဖြန့်ဝေခဲ့တဲ့ လူငယ်တွေကို အမှုပြန်ရုတ်သိမ်း

ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံထားရတဲ့ ကရင်နီသမိုင်းဖြန့်ဝေသူလူငယ်တွေကိုဒီနေ့မှာရုတ်သိမ်းပေးလိုက်ပါပြီ။

ဇန်နဝါရီလ ၁၂ ရက်နေ့ကအစိုးရနဲ့ ကြေးရုပ်ကန့်ကွက်သူလူငယ်တွေ တွေ့ဆုံပွဲမှာဆွေးနွေးသဘောတူချက်အရအစိုးရဖက်ကရုတ်သိမ်းပေးလိုက်တာဖြစ်ပါတယ်။

ကရင်နီသမိုင်းမှန်ဖြန့်ဝေမှု၊ ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်ရတဲ့ အကြောင်းရင်းပါ စာရွက်တွေဖြန့်ဝေတာကြောင့် ၂၁၀၈ ခုနှစ်ဇူလိုင်လမှာလူငယ် ၉ ဦးကိုပုဒ်မ ၅၀၅ (ခ)(ဂ) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

လူငယ် ၉ ဦးကိုစာဖြန့်ဝေတဲ့ မြို့နယ်တွေအလိုက် တရားစွဲဆိုထားတာကြောင့် မြို့နယ် ၅ခု ကတရားရုံးတွေမှာတရားစွဲဆိုခံထားခဲ့ရပါတယ်။

ကျန် ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားခံရတဲ့ လူငယ်တွေကိုတော့ အမှုရုတ်သိမ်းထားခြင်းမရှိသေးဘူးလို့သိရပါတယ်။

ကိုဒီးဒီ (ခ) စစ်မုန်း “လာမယ် ၂၀ ရက်နေ့မှာလွိုင်ကော် တရားရုံးမှာအမိန့်ချမယ်ပေါ့နော။ မနေ့က ကျနော်တို့ တရားရုံးသွားတော့ အစိုးရဆီက အမှုရုတ်သိမ်းဖို့ စာမရောက်သေးဘူးလို့ပြောပါတယ်။ ဆိုတော့ တရားရုံးကနေမှ လာမယ့် ၂၀ ရက်နေ့ကျရင် အမှုရုတ်သိမ်းလားမရုတ်သိမ်းလားဆိုတာကတော့ အမိန့်ချပါလိမ့်မယ်။” လို့ပြောပါတယ်။

၂၀၁၉ ဖေဖော်ဝါရီလအတွင်းမှာလည်းအစိုးရဖက်ကကြေးရုပ်ကိုလူငယ်တွေကန့်ကွက်နေတဲ့ကြားကတည်ထားတာကြောင့် သပိတ်စခန်းဖွင့်ပြီးကန့်ကွက်တဲ့ လူငယ် ကိုထပ်မံတရားစွဲဆိုတာတွေလည်းရှိပါတယ်။ လက်ရှိကြေးရုပ်ကန့်ကွက်မှုတွေကြောင့် လူငယ် ၅၅ ဦးတရားစွဲဆိုခံရပြီဖြစ်ပါတယ်။

ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...