“စစ်ရှောင်တွေကို ၄လအတွင်း အတင်းပြန်ခိုင်းတဲ့အဖြစ်မျိုး မလုပ်စေချင်ဘူး”

“စစ်ရှောင်တွေကို ၄လအတွင်း အတင်းပြန်ခိုင်းတဲ့အဖြစ်မျိုး မလုပ်စေချင်ဘူး”

ကချင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် ကချင်အသင်းတော်များနှင့် ကူညီရေးအဖွဲ့များ ပါဝင်ပြီး Kachin Humanitarian Concern Committee KHCC ဟု ဖွဲ့ထားပြီး ထိုအဖွဲ့မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးစင်တာ NRPC၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဥရောပသမဂ္ဂအဖွဲ့ EU၊ KHCC ခေါင်းဆောင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ Rev. Dr. Hkalam Samson ကို ကချင်သတင်းဌာန KNG မှ မေးမြန်းထားပါသည်။

မေး ။ ။ ဆရာတို့အဖွဲ့ KHCC ကနေ NRPC၊ EU၊ Nippon Foundation အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တဲ့အပေါ် ဘယ်အချက်တွေကို ဆွေးနွေးခဲ့ကြသလဲ။

ဖြေ ။ ။ ဟုတ်ကဲ့။ အဓိကတော့ အရေးကြီးဆုံးက စစ်ရှောင်များ နေရပ်ပြန်နိုင်ဖို့ ဒီအချက်တွေကို ဦးစားပေး အလွတ်သဘော ဆွေးနွေးဖြစ်ခဲ့တယ်။ ပြောချင်တာက စစ်တပ်ကနေ ဦးဆောင်ပြီး စစ်ရှောင်တွေကို နေရပ်ပို့ပေးတာမျိုးကို မလိုလားဘူး။ ကျနော်တို့မှာ စစ်ရှောင်တွေကို လုံခြုံစွာ ပြန်လည်ပို့ဆောင်ပေးနိုင်ဖို့ ကော်မတီဖွဲ့စည်းထားတယ်။ ဒီအဖွဲ့နဲ့ သက်ဆိုင်ရာအစိုးရမှ ပူးပေါင်းပြီး ပို့ဆောင်ပေးတာကို လိုလားတယ်။ ကျနော်တို့ကိုယ်တိုင်လည်း သက်ဆိုင်ရာသို့ အဆိုပြုချက်များပြုလုပ်သွားဖို့ရှိတယ်။ ပြီးရင် KIO နဲ့ စစ်တပ် နှစ်ဖက်စလုံးနဲ့ ညှိနှိုင်းသွားမယ်။ နောက် တရားဝင် NRPC နဲ့ စစ်ရှောင်များနေရပ်ပြန်နိုင်ရန် ဆွေးနွေးပွဲလုပ်မယ်။ ဒီထဲမှာ သိပ်အရေးကြီးဒါက NRPC နဲ့ KIO၊ စစ်တပ်နဲ့ KIO ဒီနှစ်ခု တွေ့ဆုံမှုကအရမ်းအရေးကြီးတယ်။ ရလာတဲ့ အဖြေပေါ်မှုတည်ပြီး ကျနော်တို့က ဆက်လုပ်သွားမယ်ဖြစ်တယ်။ စစ်ရှောင် မိသားစုများနေရပ်ပြန်နိုင်ရေး ကိစ္စနဲ့ပတ်သက်ပြီးမှလည်း အားလုံး KHCC ဦးဆောင်တဲ့ ပေါ်လစီအောက်မှာ ပူးပေါင်းပါဝင်ဆောင်စေလိုတယ်။

EU နဲ့ က စစ်ရှောင်တွေနေရပ်ပြန်တဲ့အခါ လုံခြုံအောင် ရွာအတွင်းမှာရှိတဲ့ မြေမြုပ်ဗုံးတွေကို ဘယ်လိုရှင်းလင်းပေးရမယ်။ ဒီအချက်တွေကို ဆွေးနွေးဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ မိုင်းရှင်းလင်းရေးကို စစ်တပ်ကဘဲ လုပ်ဆောင်ပေးတာတွေ မလိုလားဘူး။ ဒါကြောင့် KIA နဲ့ စစ်တပ် နှစ်ဖက် မိုင်းရှင်းလင်းရေးလုပ်ပေးရမယ်။ ဒီအချက်တွေကိုတင်ပြတယ်။ ပြီးရင်ပြန်တဲ့အခါကျရင်လည်း စစ်တပ်ကားနဲ့ပို့ဆောင်ပေးတာကိုလည်းမလိုလားဘူးလို့ ပြောပြတယ်။ သူတို့အနေနဲ့က လိုအပ်ရင်လိုအပ်သလို ကူညီပေးမယ်လို့တော့ပြောတယ်။

Nippon Foundation နဲ့က အရင်အစတုန်းကတော့ အစိုးရနဲ့ တရားဝင် လက်တွဲဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်နေတဲ့အတွက် အစိုးရ တရားဝင် စစ်ရှောင်စခန်းများကိုသာ ကူညီဆောင်ရွက်ပေးမယ်လို့ပြောလာလို့ ကျနော်တို့နဲ့ အမြင်ကွဲလွဲမှုတွေဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ဒီတစ်ခေါက်ကတော့ အစိုးရတရားဝင် စစ်ရှောင်စခန်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရန်အတွက် လိုအပ်သလောက် ကူညီပေးမယ်လို့ ထပ်ပြောလာဒါကတော့ တွေ့ရတယ်။ ဒါကြောင့် ကျနော်တို့ KHCC အဖွဲ့အစည်းအနေနဲ့ အစည်းအဝေးတွေလုပ်သွားမယ်။ နောက် KIO နဲ့ NRPC ဒီ အဖွဲ့အစည်းတွေနဲ့ တရားဝင် ဆွေးနွေးပွဲတွေ လုပ်သွားမယ်။

မေး ။ ။ ဆရာတို့ အခုလုပ်ဆောင်နေတဲ့ KHCC အဖွဲ့အစည်းကော်မတီ အနေနဲ့ကော စစ်ရှောင်များနေရပ်ပြန်နိုင်ရန် ဘယ်လိုလုပ်ဆောင်နေသလဲ။

ဖြေ ။ ။ ဟုတ်ကဲ့။ KHCC အဖွဲ့အစည်းက စစ်ရှောင်များနေရပ်လုံခြုံအောင် ပြန်နိုင်ရန်အတွက် ရည်ရွယ်ပြီး ဘာသာရေးပေါင်းစုံကပူးပေါင်း ဖွဲ့စည်းထားတာပါ။ အဓိကတော့ ပေါ်လစီအရ ဆုံးဖြတ်တဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒီအဖွဲ့အစည်းမှာ JSTအဖွဲ့အစည်းတွေ၊ CSO အဖွဲ့အစည်းတွေ ပါဝင်တဲ့အဖွဲ့အစည်းဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က အစိုးရနဲ့ ပေါ်လစီတွေကို ဆွေးနွေးမယ်။ လက်တွေ့လုပ်ငန်းဆောင်ရွက်ပိုင်းကတော့ JST၊ CSO အဖွဲ့အစည်းတွေ လုပ်ဆောင်သွားမယ်ဖြစ်တယ်။ စစ်ရှောင်များနေရပ်ကို လုံခြုံအောင်ပြန်နိုင်ရန်အတွက် ဦးတည်ပြီးဆောင်ရွက် သွားမယ်ဖြစ်တယ်။ ဒီလ ၁၉ရက်နေ့ ကျနော်တို့ KHCC အဖွဲ့ဝင်အားလုံး ဆွေးနွေးပွဲ လုပ်သွားဖို့ရှိမယ်။ ပြီးရင် မတ်လ လဆန်းပိုင်းမှာ NRPC နဲ့တရားဝင်ဆွေးနွေးသွားမယ်။

မေး ။ ။ တပ်မတော်ဘက်က ၄လ အပစ်ခတ်ရပ်ဆိုင်းထားပြီးမှ စစ်ရှောင်နေရပ်ပြန်ဖို့ကြိုးစား လာကြတယ်။ ဒီအပေါ်မှာ စစ်ရှောင်တွေ နေရပ်ပြန်ဖို့ အမှန်တကယ် အချိန်တန်ပြီလား။ ဆရာအနေနဲ့ ဘယ်လိုမြင်လဲ သုံသပ်ပေးပါအုံး။

ဖြေ ။ ။ စစ်တပ်ဘက်က ၄ လ အပစ်ခတ်ရပ်ဆိုင်းထားတာက သူတို့ဘက် ရိုးသာမှုရှိတာ မရှိတာက အဖြေထွက်လာလိမ့်မယ်။ သူတို့ဘက်က အပတ်ခတ်ရပ်ဆိုင်းထား ကိစ္စဖြစ်ပေါ်လာတာကလည်း အဓိကတော့ စစ်ရှောင်အရေးနဲ့ပတ်သက်ပြီး KIO ဥက္ကဌ အရင်ပြောဆိုမှုတွေ ရှိလာတဲ့အတွက် ဖြစ်တယ်။ အမှန်တကယ်တော့ KIO နဲ့တွေ့ပြီးမှသာ ထုတ်ပြန်ရမှာဖြစ်တယ်။ တွေ့ဆုံမှုမပြုလုပ်သေးဘဲ ၄လ အပစ်ခတ်ရပ်ကြောင်း ထုတ်ပြန်လိုက်တာဖြစ်တယ်။ အဲ့လိုလုပ်လိုက်တော့ သူတို့မရိုးသားမှန်း တစ်ချက်တွေ့လိုက်ရတယ်။ နောက် ဒုတိယက Nam San Yang စစ်ရှောင်တွေ နေရပ်ပြန်ခွင့်ပေးတဲ့ ကိစ္စကို အစိုးရတောင်မသိဘဲ စစ်တပ်က လုပ်ဆောင်လိုက်တာဖြစ်တယ်။ အစိုးရအနေနဲ့လည်း စစ်တပ်က လုပ်ဆောင်တဲ့ ကိစ္စဖြစ်တဲ့အတွက် သဘောတူလိုက်တဲ့ သဘောရှိတယ်။ အဲ့ဒီတော့ စစ်ရှောင်တွေကို ၄လအတွင်း အတင်းပြန်ခိုင်းတဲ့အဖြစ်မျိုး မလုပ်စေချင်ဘူး။ အပစ်ခတ်ရပ်ဆိုင်းထားတဲ့ ၄ လအတွင်း စစ်ရှောင်တွေကို အပြီးအတင်းပြန်ခိုင်းတဲ့ အဖြစ်ကိုလည်း ကျနော်တို့က လုံးဝလက်မခံဘူး။ စစ်ရှောင်တွေကို စစ်ကားနဲ့ ပို့ဆောင်ပေးတာကိုလည်း မလိုလားဘူး။ စစ်ကိုကြောက်ပြီး ထွက်ပြေးတဲ့ စစ်ရှောင်တွေကို စစ်တပ်က စစ်ကားနဲ့ ပြန်ပို့ပေးတာက ပိုကြောက်အောင်လုပ်တာနဲ့အတူတူဘဲ။ ဒါကြောင့် ကျနော်တို့နေနဲ့ စစ်ရှောင်တွေကို ၄လအတွင်း ပြန်ခိုင်းတဲ့ သဘောက နိုင်ငံရေးဖိအားတွေများလာလို့ အပြောင်းအလဲလုပ်နေသလား မေးခွန်းတွေ ထုတ်နိုင်တယ်။ ပြီးရင် ၄လ လို့ ထုတ်ပြန်ထားပေမယ့် အခုကျနော်တို့ အစည်းဝေးလုပ်ရင်းတောင်၂လ ကုန်သွားပြီ။ ကျန်တဲ့ ၂လထဲမှာဘဲ စစ်ရှောင်တွေ အားလုံးပြန်ဖို့ိဆိုရင် လုံးဝမဖြစ်နိုင်ဘူး။ ၄လထက် ရက်ပြန်တိုးဖို့ မတိုးဖို့ကလည်း KIOနဲ့ အစိုးရ ဆွေးနွေးတဲ့ အပေါ်မှာလည်းမှုတည်တယ်။ ဒီတစ်ခေါက် စစ်ရှောင်များ နေရပ်ပြန်မယ့် ကိစ္စကအလွန်အရေးကြီးတယ်။

ဘာကြောင့်လဲဆိုတော့ စစ်ရှောင်များအားလုံးပြန်နိုင်အောင် ကြိုးစားနေတဲ့အချိန် စစ်တပ်ရဲ့လှည့်ကွက်သာသုံးလိုက်ရင် အားလုံးအချင်းချင်းယုံကြည်မှုတွေပျက်ပြားသွားမယ်။ အခြေအနေတွေလည်း ဒီထက်မကပိုဆိုးသွားနိုင်တယ်။ ဒါကရှင်းရှင်းလင်းလင်းမြင်တွေ့နေရတယ်။

January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...