ဆင်ပြောင်သင်္ဘောနစ်ရာမှ သေဆုံးသူ ၈ ဦးအလောင်း မာန်အောင်မြို့မ သချိုၤင်းတွင် သဂြိုၤလ်

ဆင်ပြောင်သင်္ဘောနစ်ရာမှ သေဆုံးသူ ၈ ဦးအလောင်း မာန်အောင်မြို့မ သချိုၤင်းတွင် သဂြိုၤလ်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ လက်ဖက် မီးပြတိုက်အား ပြင်ဆင်ရန်လာရောက်စဉ် နစ်မြုပ်သွားခဲ့သည့် ဆင်ပြောင် သင်္ဘောပေါ်မှ သင်္ဘောသား ၈ ဦးအလောင်းကို ယနေ့ နေ့လယ် ၁ နာရီက မာန်အောင်မြို့မ သချိုၤင်းတွင် သဂြိၤုလ်ခဲ့သည်ဟု သတင်းရရှိသည်။

မာန်အောင်မြို့ ဒေသခံ လူမှုရေး လူပ်ရှားဆောင်ရွက်နေသူ ဦးကျော်မိုးနိုင်က “ ဒီကနေ့ နေ့လယ် ၁ နာရီ လူ ၈ ဦးရဲ့ အလောင်းကို သဂြိၤုလ်ပါတယ်။ ရန်ကုန်ကနေ လာကြတဲ့ သူတို့ရဲ့ မိသားစုတွေ၊ ဌာနပေါင်းစုံကတာဝန်ရှိသူတွေ အသုဘ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်” ဟု ပြောကြားသည်။

သဘောၤနစ်မြုပ်ရာတွင် လူ ၁၉ ဦး ပျောက်ဆုံးခဲ့ပြီး ယနေ့ အချိန်ထိ ၁၁ ဦး၏ အလောင်းကို ရရှိထားပြီဟု သိရသည်။

“ ဆယ်ယူရရှိတဲ့ အလောင်း ၁၁ လောင်းထဲက ၂ လောင်းကို ရန်ကုန်ကို ယူသွားပါတယ်။ တစ်လောင်းက ဒီနေ့ မနက်ကဘဲ ပင်လယ်ထဲက ဆယ်ယူရရှိတယ်။ ဒီနေ့ သဂြိၤုလ်တာက ၈ လောင်း ဖြစ်ပါတယ်” ဟု သူက ပြောကြားသည်။

ဆင်ပြောင် သင်္ဘောသည် ယခု ၁၁ ရက်နေ့ နံနက် (၀၄း၃၀)အချိန်ခန့်၊ ကျောက်ဖြူခရိုင်၊မာန်အောင်မြို့နယ်၊ဇီးတောကမ်းခြေနှင့် (၄)မိုင်ခန့်အကွာ လက်ဖက်ကျွန်းမီးပြတိုက်သို့ ပြုပြင်ရန်လာရောက်စဉ် မီးပြတိုက်မှ တစ်မိုင်ခန့် အကွာတွင် ကျောက်ချ ရပ်နားထားစဉ် လိူင်းကြီးပြီးရေဝင်ကာ နစ်မြုပ်သွားခဲ့သည်။

ကျွန်းပေါ်တွင် မီးပြတိုက်ပြင်နေသူ ၉ ဦး၊ သင်္ဘောပေါ်တွင် ရှိနေသူ ၇ ဦးတို့မှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး ၁၉ ဦး ပျောက်ဆုံးခဲ့သည်။

ယမန်နေ့ထိ ဆယ်ယူရရှိသော အလောင်းများမှာ

၁။ ဦးထွန်းထွန်း ရေယာဉ်မှူး (စမ်းချောင်းမြို့နယ်) ၂။ ဦးထွန်းအောင် ဒု-ရေယဉ်မှူး (ဒလမြို့နယ်) ၃။ ဦးမြတ်မော် သင်္ဘောဝန်ထမ်း (သာကေတမြို့နယ်) ၄။ ဦးတင်မောင်ဝင်း ။ (ဒလမြို့နယ်) ၅။ ဦးကျော်ညွန့်(သန်လျင်မြို့နယ်) ၆။ ဦးမြတ်ဆွေ (မင်္ဂလာတောင်ညွန်းမြို့နယ်)

၇။ ဦးသိန်းလွင်(ဒလမြို့နယ်) ၈။ ဦးထွန်းဦး (မူူလသင်္ဘောထွက်စာရင်းတွင်မပါဘဲဆင်ပြောင်သင်္ဘောပေါ်တွင်ရန်ကုန်မှပါလာသူ) ၉။ ဦးမင်းလွင် သင်္ဘောဝန်ထမ်း (ဗဟန်းမြို့နယ်) ၁၀။ဦးမင်းဇော်ထွေး သင်္ဘောဒု-လုပ်သား (ဒေါပုံမြို့နယ်) တို့ဖြစ်ကြောင်း။ ပျောက်ဆုံးနေသူ (၉)ဦးတို့အား ဆက်လက်ရှာဖွေလျက်ရှိကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

၎င်းတို့အထဲမှ ဦးထွန်းထွန်း၏ အလောင်းကို ရန်ကုန်သို့ ယူဆောင်သွားခဲ့ပြီး ဦးထွန်းဦးမှာ အစ္စလာမ်ဘာဝင် ဖြစ်သဖြင့် ကျောက်နီမော်တွင် သဂြိၤုလ်ရန် ယူဆောင်သွားသည်ဟု ဦးကျော်မိုးနိုင်က ပြောကြားသည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...