မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာတာဝန်ခံ လုပ်ကြံသတ်ဖြတ်ခံရ

မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာတာဝန်ခံ လုပ်ကြံသတ်ဖြတ်ခံရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာယာကုန်းအုပ်စု၊ ကျောက်ခုတ်ကျေးရွာတာဝန်ခံသည် ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်) ည ၉ နာရီ အချိန်က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

မင်းပြားရဲစခန်းသို့ ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တာဝန်ရှိအရာရှိတစ်ဦးက လုပ်ကြံသတ်ဖြတ်ခံရခြင်းမှာ ဟုတ်မှန်ပြီး အလောင်းအား မင်းပြားဆေးရုံသို့ ယူဆောင်လာကြောင်း ပြောကြားသည်။

“ သေဆုံးသူက ဦးမောင်ကျော်၊ ကျောက်ခုတ်ကျေးရွာတာဝန်ခံပါ။ အရင်ကဆိုရင်တော့ ရာအိမ်မှူး တာဝန်ပေါ့။ အလောင်းက မင်းပြားကို ယူလာနေပါတယ်။ မနေ့က ည ၉ နာရီ အချိန်မှာ ဆောက်လက်စ သူ့အိမ်ရှေ့မှာ ထိုင်နေစဉ် သေနတ်နဲ့ ဝင်ပစ်သွားတယ်လို့ သိရပါတယ်။ သေနတ် ကျည်ဆံ လေးချက်ထိမှန်တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

ဦးမောင်ကျော်တွင် အိမ်ဆောက်နေပြီး အိမ်မှာ မပြီးသေးကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် ဦးမောင်ကျော်၏ ဇနီးနှင့် မိသားစုများမှာ မုန့်ဆိုင်တည်ရန် ဆောက်နေသည့် နေရာသို့ သွားရောက်ကြည့်ရှုနေကြောင်း၊ ဦးမောင်ကျော်မှာ အိမ်ရှေ့တွင် ထိုင်ပြီး ရွာသား တစ်ဦးနှင့် စကားပြောနေစဉ် သေနတ်သမားက ဝင်ရောက် ပစ်ခတ်သွားသည်ဟု သတင်းရရှိကြောင်း သူက ပြောကြားသည်။

ဦးမောင်ကျော်မှာ ယခင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဖြစ်ပြီး လက်ရှိ ကျောက်ခုတ်ကျေးရွာတာဝန်ခံဟု သိရသည်။

“ ဘယ်သူက ဘာကြောင့် ပစ်သတ်သွားတယ်ဆိုတာ မသိရသေးဘူး။ အလောင်း မင်းပြားကို ရောက်မှ ဆေးစစ်ချက်တွေနဲ့ အမှုဖွင့်ပါမယ်။ ပီးမှ ဆောင်ရွက်စရာတွေကို ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု မင်းပြားရဲတာဝန်ရှိသူက ပြောသည်။

ဦးမောင်ကျော်၏ မိသားစုနှင့် ဆက်သွယ်ရန်ကြိုးစားနေသော်လည်း အဆက်အသွယ် မရရှိသေးပါ။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...