မာန်အောင်တွင် မီးပြတိုက်ပြုပြင်ရန်သွားသည့် သင်္ဘောနစ်မြုပ်၊ လူတချို့ ပျောက်ဆုံးနေ

မာန်အောင်တွင် မီးပြတိုက်ပြုပြင်ရန်သွားသည့် သင်္ဘောနစ်မြုပ်၊ လူတချို့ ပျောက်ဆုံးနေ

ရခိုင်ပြည်နယ် မာန်အောင်မြို့၊ ဇီးတောကမ်းခြေနှင့် ၄ မိုင်အကွာတွင် လက်ဖက်ကျွန်းမီးပြတိုက် ပြုပြင်ရန်သွားရောက်သည့် "ဆင်ပြောင်”အမည်ရှိ သဘောၤနစ်မြုပ်သွားကြောင်း သတင်းရရှိသည်။

၎င်းသင်္ဘောသည် မီးပြတိုက် ပြုပြင်ရန် သွားရောက်စဉ် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း၊ သင်္ဘောနစ်မြုပ်ချိန်တွင် သင်္ဘောပေါ်တွင် လူပေါင်း ၂၅ ဦးခန့် ပါဝင်ကြောင်း ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့ သတင်းအရ သိရသည်။

(ကယ်ဆယ်ရေး လုပ်နေစဉ်/ photo by Rakhine Fire Force)

အဆိုပါ သင်္ဘောနစ်မြုပ်မှု သတင်းနှင့် ပတ်သက်ပြီး မာန်အောင်မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးထိန်လင်းသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ လောလောဆယ် ကယ်ဆယ်လုပ်နေတုန်းဖြစ်ပြီး ကယ်ဆယ်ရေး လုပ်သူများမှ သတင်းမပို့သေးသဖြင့် အတိအကျ မပြောနိုင်သေးကြောင်း ပြောကြားသည်။

မာန်အောင်မြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်ရာမြို့နယ်မှူးဖုန်းအား စက်ပိတ်ထားသည်ဟု အကြောင်း ပြန်သဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

မာန်အောင်ဒေသခံ လူမှုရေးလုပ်ဆောင်နေသူ ဦးကျော်မိုးနိုင်အား ဆက်သွယ်ရာ လောလောဆယ် အချိန်ထိ ၇ ဦး ကယ်တင်နိုင်ပြီး ကျန်လူများမှာ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်ဟု ပြောကြားသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...