တိုက်ပွဲများကြောင့် မြန်မာမှ နယ်စပ်ဖြတ်ကျော်ဝင်လာသူ ၁၆၀ ရှိကြောင်း Ukhiya News တွင် သတင်းဖော်ပြ

တိုက်ပွဲများကြောင့် မြန်မာမှ နယ်စပ်ဖြတ်ကျော်ဝင်လာသူ ၁၆၀ ရှိကြောင်း Ukhiya News တွင် သတင်းဖော်ပြ

မြန်မာနိုင်ငံမှ မိသားစု ၃၅စု၊ လူပေါင်း ၁၆၀ သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရုံမော်နယ်စပ်ကို ဖြတ်ကျော်ပြီး ဘုမ် (ခေ) လင်းကြေးလူမျိုးများနေထိုင်ရာ စော်ချိုင်ကျေးရွာသို့ ဝင်ရောက်လာကြသည်ဟု Ukhiya News တွင် ယနေ့ သတင်းဖော်ပြသည်။

ထိုသို့ ဝင်ရောက်လာသည်ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင်ခရိုင် အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားပြီး ဝင်ရောက်လာသူများအား ဘင်္ဂလာဒေ့ရှ် ဒေသအာဏာပိုင်များက စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

ရခိုင်နှင့် ခမီ လူမျိုးများအပါအဝင် တစ်ခြားလူမျိုးအနည်းငယ်ပါဝင်သော ၎င်း လူအုပ်စုသည် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် မြန်မာ အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လွန်ခဲ့သော တနင်္လာနေ့က နယ်စပ်ကို ဖြတ်ကျော်ပြီး ရုံမော်မြို့နယ်၊ အမှတ် (၇) ရမ္မက်ကြီးနယ်မြေ၊ စော်ချိုင်ရွာသို့ ဝင်ရောက်လာသည်ဟု ၎င်းသတင်းတွင် ရေးသားထားသည်။

ရုံမော်မြို့နယ် ချေယာမန် (ဥက္ကဋ္ဌ) ဦးအောင်ထွန်းစိန်မှ ရခိုင်ပြည်က ဝင်လာသူများမှာ ရခိုင်နှင့် ခမီလူမျိုးများဖြစ်ကြပြီး အင်္ဂါနေ့ နေ့လယ်က နယ်စပ် အာဏာပိုင်များက စော်ချိုင်ဘုမ်ရွာသို့ သွားရောက် စစ်ဆေးခဲ့သည်ဟု ဆိုသည်။

သူတို့ နယ်စပ်ကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး ဒက္ကားမြို့ရှိ မြန်မာသံရုံးနှင့် UNHCR သို့ အကြောင်းကြားထားသည်ဟုလည်း ပြောဆိုသည်။

နိရဉ္စရာ သတင်းဌာနမှ ဒက္ကားမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်ရာ ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များမှ အကြောင်းကြား၍ ရှိ / မရှိ စိစစ်ပေးမည်ဟု ပြောဆိုပြီး နောက်ထပ် ၁ နာရီခန့်တွင် ပြန်ဆက်သွယ်ပါဟု ပြောကြားသည်။ နိရဉ္စရာမှ နောက်ထပ် ဆက်သွယ်ရာ ဖုန်းဆက်သွယ်မရတော့ပါ။

လောလောဆယ်တွင် ဘင်္ဂလာဒေ့ရှ် ဒေသခံကျေးရွာသားများမှ စုပေါင်းငွေများကောက်ခံပြီး ၎င်းတို့ ၁၆၀ ဦးအတွက် ရိက္ခာများထောက်ပံ့ထားကြောင်း ပြောဆိုသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...