ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီဖြစ်မြောက်ရေး လုပ်ငန်းဦးဆောင်ကော်မတီဖွဲ့စည်း

ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီဖြစ်မြောက်ရေး လုပ်ငန်းဦးဆောင်ကော်မတီဖွဲ့စည်း

ရခိုင်မျိုးနွယ်စုဝင်များအား ကိုယ်စားပြုသည့် ရခိုင်အမျိုးသား ညီညွတ်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရေး အတွက် ဖြစ်မြောက်ရေးလုပ်ငန်းဦးဆောင် ကော်မတီတစ်ခုကို အဖွဲ့ဝင် ၁၆ ဦးဖြင့် စစ်တွေမြို့ ရခိုင်အမျိုးသား ပါတီ(ANP) ဗဟိုဌာနချုပ်ရုံးတွင် ယနေ့ ဖွဲ့စည်းခဲ့သည်။

ရခိုင်အမျိုးသားညီညွတ်ရေး ကော်မတီကို ရခိုင်မျိုးနွယ်စုများအား ကိုယ်စားပြုသည့် ရခိုင့်နိုင်ငံရေး ပါတီ ပေါင်းစုံ ၊ရခိုင် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ဖွဲ့စည်းနိုင်ရေးအတွက် ဖြစ်မြောက်ရေးကော်မတီ၏ လုပ်ငန်းဦးဆောင်ကော်မတီ ရွေးချယ်ရေးအတွက် ယခုကဲ့သို့ စည်းဝေးတွေ့ ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP) ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက နိရဉ္စရာ သို့ပြောသည်။

“ကျွန်တော်တို့က ဖွဲ့စည်းတဲ့ အဆင့်ကို မရောက်သေးပါဘူး။အဲ့လို ဖွဲ့စည်းနိုင်တဲ့ အဆင့်ကို ရောက်ဖို့အတွက် အခုလို တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။ကျွန်တော်တို့က ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းပြီးပါပြီ။ လုပ်ငန်းဦးဆောင်ကော်မတီ ထပ်ဖွဲ့စည်းနိုင်အောင်ပါ။အခုက အဲ့ဒီ အဆင့်ပေါ့။အဲ့ဒီလို ဖွဲ့စည်းနိုင်ဖို့အတွက် ပဏာမ ဘာတွေ လုပ်ရမလဲဆိုတာကို ဆွေးနွေးကြတဲ့ ဖြစ်မြောက်ရေး ကော်မတီရဲ့ အစည်းအဝေးပါ”ဟု ဦးခိုင်ပြည်စိုး က နိရဉ္စရာသို့ ပြောကြားသည်။

ယနေ့တွေ့ဆုံဆွေးနွေးပြီး လုပ်ငန်းဦးဆောင်ကော်မတီကို လူဦးရေ ၁၆ ဦးဖြင့် ယာယီဖွဲ့စည်းခဲ့သည် ဟု၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ ဖွဲ့စည်းမှာက လောလောဆယ်တော့ ရခိုင်အမျိုးသား ညီညွတ်ရေး ကော်မတီလို့ အမည် ပေးထားတယ်။ဒါပေမယ့် အတည်မဟုတ်သေးဘူး။ ဒီဖွဲ့စည်းဖို့အတွက် ကျွန်တော်တို့က ရခိုင်မျိုးနွယ်စု တွေကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီအားလုံး၊ပြီးတော့ ရခိုင်လူမှုအရပ်ဘက် အဖွဲ့ အစည်းတွေ ပါဝင် နိုင်ရမယ်။ရခိုင်မျိုးနွယ်စု အားလုံးကို ကိုယ်စားပြုမယ့် ကော်မတီတစ်ခုဖြစ်လာ ရမယ်ပေါ့နော်”၎င်းက ဆက်ပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင့်နိုင်ငံရေးပါတီများ၊ရခိုင်လူမှုအရပ်ဘက်အဖွဲ့အစည်းများ လူဦးရေ ၈၀ ကျော် တက်ရောက်ခဲ့ပြီး ယနေ့ နေ့လယ် ၂ နာရီမှ စတင်ကာ ညနေ ၅ နာရီတွင်ပြီးဆုံးခဲ့သည်ဟု သိရသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...