အစိုးရတပ်နှင့် KIA ကြား ၂ ရက်ကြာ တိုက်ပွဲကြောင့် ရွာသားများ ထွက်ပြေးနေ

အစိုးရတပ်နှင့် KIA ကြား ၂ ရက်ကြာ တိုက်ပွဲကြောင့် ရွာသားများ ထွက်ပြေးနေ
by -
ကေအဲန်ဂျီ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ နယ်မြေ တွင် ၂ ရက်ကြာ အစိုးရတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလာသဖြင့် ဒေသခံ ရွာသားများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

Burma army july 12 2013တိုက်ပွဲ အရှိန်ကြောင့် မုံးဘော်၊ မန်ကောင်း ရွာမှ အိမ်ထောင်စု ၆၀ ခန့် သည် လက်ရှိ မန်ပင်း ရွာ ခရစ်ယာန် ဘုရားကျောင်းမှာ လာရောက်ခိုလှုံနေကြသည်ဟု မုံးဘော် ရွာလူကြီး တစ်ဦးထံမှ သိရသည်။
 
အစိုးရတပ်မ ၉၉ အောက် ခမရ ၃၁၃ တပ်ရင်း တပ်ဖွဲ့များ မှ KIA တပ်ရင်း ၃၆ အုပ်ချုပ်ရေး နယ်မြေဖြစ်သည့် မန်ကောင်းရွာ အထက် နေရာများကို ဝင်ရောက်လာသောကြောင့် ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ၃ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီး ယနေ့မှာလည်း ပစ်ခတ်မှု ရှိခဲ့ သည်ဟု ရှေ့တန်း KIA သတင်းမှ သိရသည်။
 
တပ်မတော်ဘက်မှလည်း လက်နက်ကြီး ပစ်ခတ်မှု များ ရှိနေသည်ဟု ဒေသခံများ ပြောသည်။
 
နှစ်ရက်သာ တိုက်ခိုက်မှုအပြီး တပ်မတော်ဘက်မှလည်း စစ်အင်အား ပြန်လည် ဖြည့်တင်းနေသလို KIA ဘက်ကလည်း တပ်ကူများ ပြန်လည် ရောက်ရှိလာသည့် သတင်းကြောင့် ဒေသခံများ အနေဖြင့် စစ်ပွဲများ ပြင်းထန်လာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...