ဒေါက်တာအေးမောင်တို့အမှု တဖြည်းဖြည်း အဆိုးဘက်သို့ဦးတည်လာဟုဆို

ဒေါက်တာအေးမောင်တို့အမှု တဖြည်းဖြည်း အဆိုးဘက်သို့ဦးတည်လာဟုဆို

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ရင်ဆိုင်နေရသည့်အမှုသည် တဖြည်းဖြည်းနှင့် အဆိုးဘက်သို့ ဦးတည်လာနေကြောင်း ဒေါက်တာအေးမောင်နှင့်အတူ အမှုရင်ဆိုင်နေရသည့် စာရေးဆရာဝေဟင်အောင်က ပြောသည်။

ဒေါက်တာအေးမောင်နှင့်စာရေးဆရာ ဝေဟင်အောင်တို့အား ဇန်နဝါရီ ၁၄ ရက်နေ့က စစ်တွေခရိုင် တရားရုံးတွင် ရုံးထုတ်၍ ပြန်ထွက်လာစဉ် စာရေးဆရာ ဝေဟင်အောင်က ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။

"အမှုအခြေအနေကတော့ သိပ်အခြေအနေကောင်းမယ်လို့ မကြားဘူးဗျ။ အဆိုးဘက်ကို တဖြည်းဖြည်းနဲ့ ဦးတည်လာတယ်။ အမှန်တကယ်က ကျနော်က စာရေးဆရာတစ်ယောက်။ စာပေဟောပြောပွဲဖိတ်ရင် ဟောပြောခွင့်လည်း ရှိတယ်ကျနော့်မှာ။ တကယ်လည်း သွားဟောပြောတယ်။ ဟောပြောတဲ့အချိန်မှာ ကျနော့်လေ့လာခဲ့တဲ့ စာအုပ်စာပေ၊ သမိုင်းမှတ်တမ်းတွေထဲကနေ ကောက်နုတ်ပြီးတော့ ကျနော် ဟောပြောတယ်။ အဲဒါကိုမှ နိုင်ငံတော်ပုန်ကန်မှု၊ သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ တရားစွဲဆိုတယ်ဆိုတာ ဒါ တော်တော်မြင့်တယ်။ ဒီပုဒ်မဟာ မြန်မာနိုင်ငံမှာ အမြင့်ဆုံးပဲ။ ဒီပုဒ်မနဲ့ စွဲဆိုခံရတဲ့လူဟာ ဘာဖြစ်လဲဆိုရင် သေဒဏ်ပေးခံရသလို လွှတ်တော်ရွေးကောက်ပွဲမှာ ဝင်လို့မရတော့ဘူး။ အမတ်လုပ်လို့မရတော့တဲ့ အဆင့်ရှိတယ်။ နိုင်ငံရေးအရ ဖိနှိပ်တာအထိ ပါတယ်။ ဒါကြောင့် ကျနော်ထင်တာက ဒီတရားရုံးဟာ တရားတဲ့ရုံးလို့ ထင်တာ။ အမှန်တကယ်က ဒီတရားရုံးဟာ တရားရုံးမဟုတ်တော့ဘူး။ တဖြည်းဖြည်းနဲ့ ဖိနှိပ်တဲ့ရုံးဖြစ်လာတယ်။ ဖိနှိပ်တာကို လုံးဝ ကန့်ကွက်တယ်။ ရှုတ်ချတယ်။ နောက်တစ်ချက်ပြောစရာရှိတာက ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင်လက်ထက်မှာ ဒီလိုဖြစ်တာက ပိုပြီးတော့ ရှက်ဖို့ကောင်းတယ်ဗျ။ ခံရဲတယ်ဗျ။"ဟု စာရေးဆရာဝေဟင်အောင်က ဇန်နဝါရီလ ၁၄ ရက်နေ့က ရုံးထုတ်အပြီးတွင် မီဒီယာများကို ပြောဆိုသွားခြင်းဖြစ်သည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကိုစွဲချက်တင်ထားသည့်အမိန့်အား ပယ်ဖျက်ပေးရန် ဒေါက်တာအေးမောင်တို့ဘက်က တင်ပြခဲ့သည့်လျှောက်လဲချက်ကို ရခိုင်ပြည်နယ်တရားလွှတ်တော်က ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် ပလပ်ခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ဒေါက်တာအေးမောင်က "ပလပ်လိုက်တာ အင်မတန် စိတ်မကောင်းဖြစ်တယ်"ဟု ဇန်နဝါရီလ ၁၄ ရက်နေ့က ရုံးထုတ်အပြီးတွင် မီဒီယာများကိုပြောဆိုသွားခဲ့သည်။

ယင်းသို့ ပလပ်လိုက်သည့်အတွက် ဒေါက်တာအေးမောင်တို့ရင်ဆိုင်နေရသည့်အမှုကို ဆက်လက် စစ်ဆေးနေရပြီး ဇန်နဝါရီလ ၁၈ ရက်နေ့တွင်လည်း ထပ်မံ စစ်ဆေးရန် ရုံးချိန်းလိုက်ကြောင်း သိရသည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...