တိုက်ပွဲဖြစ်ပွား၍ ဥယျာဉ်သားကျေးရွာသား ၂၀၀ ကျော်ဘေးလွတ်ရာကို ထွက်ပြေးရ

တိုက်ပွဲဖြစ်ပွား၍ ဥယျာဉ်သားကျေးရွာသား ၂၀၀ ကျော်ဘေးလွတ်ရာကို ထွက်ပြေးရ
ဓာတ်ပုံ- စံဂိုးထောင်ကျေးရွာ မူလတန်းကျောင်းတွင် ခိုလုံနေကြသည့် ဥယျာဉ်သာကျေးရွာသားများ
ဓာတ်ပုံ- စံဂိုးထောင်ကျေးရွာ မူလတန်းကျောင်းတွင် ခိုလုံနေကြသည့် ဥယျာဉ်သာကျေးရွာသားများ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာကျေးရွာအနီး ယနေ့ ည ၅ နာရီခွဲက တိုက်ပွဲ စတင်ဖြစ်ပွား၍ ရွာသား ၂၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသည်ဟု သတင်းရရှိသည်။

“ တိုက်ပွဲက ရွာအနီးက တောင်တန်းမှာ ဖြစ်တာပါ။ လက်နက်ကြီး လက်နက်ငယ်တွေ ဒရဟော (အဆက်မပြတ်) ကြားရပါတယ်။ ကြောက်ပြီး ထွက်ပြေးရာမှာ အခု ကျွန်တော်တို့ စံဂိုးထောင်ရွာကို ရောက်နေကြပါတယ်” ဟု ကျေးရွာသား တစ်ဦးဖြစ်သူ ဦးသိန်းထွန်းက ပြောသည်။

ထွက်ပြေးလာသူများအထဲတွင် ကျား ၁၂၁၊ မ ၁၁၇၊ စုစုပေါင်း ၂ ၃၈ ယောက်၊ အိမ်ထောင်စုမှာ ၅၀ ဖြစ်ကြောင်း၊ ဥယျာဉ်သာကျေးရွာမှ ၂ ဖာလုံအကွာ စံဂိုးထောင်ရွာ၏ မူလတန်းကျောင်းတွင် လောလောဆယ် ခိုလုံနေကြကြောင်း သူက ပြောသည်။

“ ရွာမှာတော့ ရွာစောင့် ၁၀ ယောက်လောက်ဘဲ ကျန်ခဲ့ပါတယ်။ ကလေး၊ လူကြီး၊ မိန်းမကျန် အားလုံးထွက်ပြေးကြပါတယ်။ ဘာမှ ပါမလာခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။

ထွက်ပြေးလာသူ ဥယျာဉ်သာရွာမှ လူငယ် တစ်ဦးကလည်း ယနေ့ညတွင် စံဂိုးထောင်ရွာတွင် ရောက်ရှိနေပြီး မနက်ဖြန်မည်သို့ ရှေ့ဆက်ရမည်ကို ရွာလူကြီးများနှင့် ဆွေးနွေးရအုံးမည်ဟု ပြောဆိုသည်။

၎င်းပြင် ချရှားတောင်ကျေးရွာမှ လူပေါင်း ၃၀ ခန့်က တိုက်ပွဲကြောင့် ထွက်ပြေးကာ စံဂိုးထောင်ရွာသို့ ရောက်ရှိနေသည်ဟု ပြောကြားသည်။

တိုက်ပွဲမှာ ည ၆ နာရီခွဲမှ ပြီးဆုံးသွားသည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...