ရခိုင်လူငယ် ၄ ဦးအား လူသတ်မှုဖြင့် အမှုစွဲ

ရခိုင်လူငယ် ၄ ဦးအား လူသတ်မှုဖြင့် အမှုစွဲ

ရခိုင်လူငယ်များ ဖြစ်ကြသည့် ကိုအောင်ဇော်လင်း(ခ) ကိုအောင်ချေ၊ ခိုင်ဘိုဘို(ခ) ခိုင်သော်၊ ကိုမေယုထွန်းနှင့် ကိုရဲကျော် (ခ) ကိုနီအောင်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ / ၃၄ လူသတ်မှု၊ ပူးပေါင်းကြံစည်မှု တို့ဖြင့် အမှု စွဲလိုက်သည်ဟု သတင်းရရှိသည်။

၎င်းတို့ ၄ ဦးအား ယနေ့ ညနေပိုင်းက စစ်တွေမြို့နယ် တရားရုံးတွင် အမှုစွဲတင်ခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများအထဲမှ ကိုအောင်ချေက ရခိုင်လူငယ်များအား ဖိနှိပ်မှုအား ရပ်တန့်ရန် အချုပ်ကားသို့ မတက်မီ တောင်းဆိုသွားခဲ့သည်။

သူတို့ ၄ ဦးမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့ ညက စစ်တွေ ဝင်္ကဘာကွင်း ဈေးပွဲတော်မှ အပြန် စရဖ တပ်ဖွဲ့ဝင် သန်းထိုက်(ခ) ဖိုးလုံး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး အမှုဖွင့် ခံရခြင်း ဖြစ်သည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...