တိုက်ပွဲအတွင်း ဖမ်းဆီးခံထားရသည့် ကြိမ်သာရွာသား၂ ဦး ညအချိန်ထိ ပြန်မရောက်၍ မိသားစုများ စိုးရိမ်

တိုက်ပွဲအတွင်း ဖမ်းဆီးခံထားရသည့် ကြိမ်သာရွာသား၂ ဦး ညအချိန်ထိ ပြန်မရောက်၍ မိသားစုများ စိုးရိမ်

ယနေ့ နံနက် ၈ နာရီကျော်က ဖြစ်ပွားခဲ့သည့် ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာနီး တိုက်ပွဲအတွင်း စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံထားရသည့် လယ်သမား ၂ ဦးကို ယနေ့ ည ၇ နာရီကျော် အချိန်ထိ ပြန်မလွတ်သေးသဖြင့် မိသားစုဝင်များအကြား အထူးစိုးရိမ်နေကြသည်ဟု သိရှိရသည်။

ဖမ်းဆီးခံထားရသူ ဦးမောင်စိန်ဦး (၅၅) နှစ်၏ သမီးဖြစ်သူက “ ကျွန်မတို့ အဖေက နံနက် ၆ နာရီက ကျွဲတွေကို လွတ်ဖို့ဆိုပြီး လယ်တဲကို သွားတာပါ။ တိုက်ပွဲဖြစ်ပွားတော့ စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထားပါတယ်” ဟု ပြောကြားသည်။

စစ်တပ်က ဖမ်းဆီးခံရပြီးနောက် သူမ၏ ဖခင်နှင့် ဖုန်း အဆက်အသွယ်ရရှိခဲ့သည်ဟု သူမက ပြောသည်။

“ ကျွန်မ အဖေနဲ့ မနက်က တိုက်ပွဲဖြစ်ပြီး ဖုန်းရပါသေးတယ်။ ပြီးရင် စစ်တပ်က ဗိုလ်ကြီးနဲ့လည်း စကားပြောခွင့်ရပါတယ်။ အဲဒီဗိုလ်ကြီးက နှင့် အဖေ ဘယ်အချိန်က အိမ်က ထွက်သွားသလဲ။ တိုက်ပွဲဖြစ်မှာကို မသိဘူးလား၊ စသဖြင့် မေးပါတယ်။ ကျွန်မ အဖေမသိပါဘူး။ အဲသလို ပြန်ပြောပါတယ်။ သူက သိကို သိရမယ်။ နှင့်အဖေမှာ အပြစ်ရှိတယ်။ လွတ်လို့ မရသေးဘူးလို့ ပြောပါတယ်” ဟု ၎င်းအမျိုးသမီးက ပြောဆိုသည်။

ဦးမောင်စိန်ဦးနှင့် အတူ နောက်ထပ် ကြိမ်သာရွာသား တစ်ဦးဖြစ်သူ ဦးစိန်သာကျော် (၆၀) နှစ်လည်း ဖမ်းဆီးခံထားရသည်ဟု သိရသည်။

“ အဖေ ပြန်မရောက်သေးတော့ အိမ်သားအားလုံး စိုးရိမ်နေကြပါတယ်။ ကျွန်မတို့ကို ကူညီပါ” ဟု ၎င်းအမျိုသမီးက ပြောဆိုသည်။

ရွာသား ၂ ဦးဖမ်းဆီးခံထားရခြင်းနှင့် ပတ်သက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များသို့လည်း တိုင်ကြားထားသည်ဟု ကျေးရွာလူကြီး တစ်ဦးက ပြောဆိုသည်။

တိုက်ပွဲသည် ရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေးရွာအနီး ကာမေချောင်းနှင့် ကျောက်ချောင်းကြားမှ ယနေ့နံနက် ၈ နာရီ ကျော်က စပြီး ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...