ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဒုတိယ အကြိမ်နှစ်ပတ်လည်မျက်နာစုံညီ အစည်းအဝေးကျင်းပ

ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဒုတိယ အကြိမ်နှစ်ပတ်လည်မျက်နာစုံညီ အစည်းအဝေးကျင်းပ

ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ ဒုတိယ အကြိမ်နှစ်ပတ်လည်မျက်နာစုံညီ အစည်းအဝေးကို ကျောက်ဖြူမြို့တွင် ဇန်နဝါရီ ၁၂ ရက်မှ ၁၃ ရက်နေ့ နံနက်ပိုင်းထိ ကျင်းပပြုလုပ်ခဲ့သည်။

၎င်းမျက်နာစုံညီ အစည်းအဝေးတွင် ၂ နှစ်တာ တာဝန်ယူမည့် အမှုဆောင်သစ်ကို ရွေးချယ် တင်မြောက်ခဲ့ကြပြီး ထွက်ရှိလာမည့် ရိုးမရင်ခွင် မဂ္ဂဇင်း အပါအဝင် တစ်ခြား စာပေဆိုင်ရာ အရေးကြီးသော ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ကျောက်တော်မြို့မှ မုနိမြေမဂ္ဂဇင်းအယ်ဒီတာ ဦးသိန်းလိူင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌအဖြစ် ဆရာမင်းပြားမင်းသိန်းဇံ၊ ဒုဥက္ကဋ္ဌ (၁) အဖြစ် ဦးဝေသောင်း(တောင်ကုတ်) နှင့် ဒုဥက္ကဋ္ဌ (၂) အဖြစ် ဦးသန်းအောင် (မာန်အောင်) တို့အားလည်းကောင်း၊ အတွင်းရေးမှူး အဖြစ် ဆရာနောင်အေး (မောင်ကျော်ဇော)၊ တွဲဘက် အတွင်းရေးမှူး (၁) အဖြစ် ခိုင်မြတ်ကျော် (ကျောက်တော်)နှင့် တွဲဘက်အတွင်းရေးမှူး (၂) အဖြစ် ဆရာမြဝါ (ရွှေကျွန်း သန္တာ) တို့ကိုလည်းကောင်း၊ ၎င်းပြင် ဘဏ္ဍရေးမှူး ၃ ဦးနှင့် စာရင်းစစ် ၃ ဦးတို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်ဟု သိရသည်။

ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ CEC ကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ တစ်မြို့နယ်လျှင် ၃ ဦးကျဖြင့် ဖွဲ့စည်းပြီး ကော်မတီဝင်များကို တစ်မြို့နယ်လျှင် ၈ ဦးကျစီဖြင့် ဖွဲ့စည်းမည်ဟု သိရသည်။

ဒုတိယ အကြိမ်နှစ်ပတ်လည်မျက်နာစုံညီအစည်းအဝေးတွင် ရခိုင်စာပေဆု ပီးအပ်ရန်အတွက် ဖိတ်ခေါ် စာပေပြိုင်ပွဲ တစ်ခုကို ပြုလုပ်ရန်နှင့် ရခိုင်သတ်ပုံကျမ်းတစ်စောင် ထွက်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြောက်ခံရသူ ဆရာမင်းပြား မင်းသိန်းဇံက ပြောကြားသည်။

“ ကျွန်တော်ကို ဒုတိယ အကြိမ် သက်တမ်းအတွက် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဖို့ တက်လာတဲ့ ကိုယ်စားလှယ်တွေက ရွေးချယ်တင်မြောက်ခဲ့ကြပါတယ်။ ဒီအတွက် ပြည်နယ်ရဲ့ အကျိုးကို ပိုပြီး ထမ်းရွက်နိုင်အောင် ကြိုးစားသွားပါမယ်။ ဒီအဖွဲ့က ရခိုင်စာရေးဆရာတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ အတွက် အားလုံးရဲ့ စုစည်းမှုအားကို ယူပြီး ရခိုင်စာပီ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဆရာ မင်းပြားမင်းသိန်းဇံက ပြောကြားသည်။

ရခိုင် စာရေးဆရာသံဃာတော် (၁၅) ပါးကိုလည်း နာယက အဖြစ် တင်မြောက်ခဲ့ကြသည်ဟု သိရသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...