ဒေါက်တာအေးမောင်နှင့်ကိုဝေဟင်အောင်တို့အမှု ဒီဇင်ဘာလ ၂၇ရက်နေ့ အမိန့်ချမှတ်နိုင်

ဒေါက်တာအေးမောင်နှင့်ကိုဝေဟင်အောင်တို့အမှု ဒီဇင်ဘာလ ၂၇ရက်နေ့ အမိန့်ချမှတ်နိုင်

နိုင်ငံတော်ပုန်ကန်မှုနှင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် ရခိုင်ပြည်နယ် စစ်တွေခရိုင် တရားရုံးတွင် တရားရင်ဆိုင်နေရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ အမှုကို လာမည့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အမိန့်ချမှတ်နိုင်သည်ဟု သတင်းရရှိသည်။

ဒေါက်တာအေးမောင်က လာမည့် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ၎င်းတို့နှစ်ဦး၏ အမှုကို အမိန့် ချမှတ်နိုင်ကြောင်း၊ အလားအလာကောင်းမည်ဟု မျှော်လင့်ရကြောင်း ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်က စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်အပြီးတွင် ပြောဆိုခဲ့သည်။

၎င်းက “ကျနော်တို့အမှုနဲ့ ပတ်သက်လို့ ဒီလ ၂၇ ရက်နေ့မှာ ဆုံးဖြတ်နိုင်ပါတယ်။ အဲ့အခါမှာ မင်္ဂလာသတင်းတွေ ကြားရပါလိမ့်မယ်”ဟု သတင်းထောက်များကို ပြောကြားသွားခဲ့သည်။

စာရေးဆရာဝေဟင်အောင်ကလည်း အမှုအခြေအနေ ကောင်းလိမ့်မည်ဟု မျှော်လင့်သည်ဟုဆိုသည်။

“အမှုအခြေအနေကတော့ ကျနော်တို့ ပြည်နယ်တရားလွှတ်တော်ကို ကန့်ကွက်လွှာ တင်သွင်းထားတယ်ဗျ။ အဲ့ဒီမှာ နှစ်ဘက်ရှေ့နေတွေကတော့ လျှောက်လဲချက် ပေးထားပြီးပြီ။ အမိန့်ချမယ့် အဆင့်ကို ကျနော်တို့ စောင့်နေတယ်။ အခြေအနေတော့ ကောင်းလိမ့်မယ်လို့ ထင်တယ်”ဟု စာရေးဆရာဝေဟင်အောင်က ပြောသည်။

မူရင်းဖိုင်နှင့် တရားစွဲဆိုခြင်းမဟုတ်ဘဲ မိတ္တူနှုင့် တရားစွဲဆိုခြင်းဖြစ်သည့်အတွက် အမှုမှားယွင်းနေသည်ဟု စာရေးဆရာဝေဟင်အောင်ကဆိုသည်။

၎င်းက “တရားရုံးကို တရားစွဲဆိုတဲ့အခါ ခွေပဲရောက်လာတယ်။ ခွေဖြစ်လာဖို့အတွက် ပထမဆုံး မူရင်းဖိုင် တစ်ခု လိုအပ်တယ်။ အသံ ရကော်ဒါပဲဖြစ်ဖြစ် ၊ ဗီဒယို ရကော်ဒါပဲဖြစ်ဖြစ်၊ ဖုန်းရကော်တာပဲဖြစ်ဖြစ် အဲ့ဒီမူရင်းဖိုင်က တရာုးရုံးကို ရောက်မလာဘဲ မိတ္တူနဲ့ပဲ ကျနော်တို့ကို တရားစွဲဆိုတယ်။ ကျနော် ကိုယ်တိုင်လည်း ကွန်ပျူတာ သမားတစ်ယောက်၊ CD ဆိုတာ ကွန်ပျူတာက ထွက်လာတာ ကြိုက်သလို လုပ်လို့ရတယ်။ အသံဖြတ်ညှပ်ကပ် လုပ်လို့ရတယ်။ အသံအတုတွေ လုပ်လို့ရတယ်”ဟု ပြောဆိုသွားခဲ့သည်။

တရားဥပဒေ ဖြောင့်မတ်မှန်ကန်မည်ဆိုလျှင် လုံးဝလွတ်ကိုလွတ်မည်ဟု ယုံကြည်ကြောင်း စာရေးဆရာဝေဟင်အောင်က ပြောကြားသွားခဲ့သည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...