အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၌ အပစ်အခတ်ရပ်စဲပေးရန် ဒေါက်တာအေးမောင်တောင်းဆို

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၌ အပစ်အခတ်ရပ်စဲပေးရန် ဒေါက်တာအေးမောင်တောင်းဆို

ရခိုင်ပြည်နယ် စစ်တွေခရိုင်တရားရုံးတွင် နိုင်ငံတော်ပုန်ကန်မှုနှင့် နိုင်ငံတော်အယုံအကြည်ပျက်စေမှု အမှုနှစ်ခုကို ရင်ဆိုင်နေရသည့် ဒေါက်တာအေးမောင်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၌ အပစ်အခတ်ရပ်စဲပေးရန် တောင်းဆိုလိုက်သည်။

ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရခိုင်ပြည်နယ် စစ်တွေခရိုင် တရားရုံးတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ရုံးထုတ်စဉ် ဒေါက်တာအေးမောင်က ထိုသို့ တောင်းဆိုသွားခဲ့ခြင်းဖြစ်သည်။

၎င်းက ” မေတ္တာရပ်ခံချင်တယ်၊ တောင်းလည်းတောင်းဆိုချင်တယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သမ္မတကြီးတို့ကို နပခ နယ်မြေမှာ အပစ်ရပ်ပေးပါ။ ရခိုင်လူထု တောင်းဆိုတယ်လို့ မှတ်ပေးပါ”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားနေမှုကြောင့် ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ စင်္ကာပူနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ထက် နောက်ကျကျန်နေခဲ့သည်ဟု သူက ပြောဆိုသည်။

“ကျွန်တော်တို့ရဲ့ အန္တိမရည်မှန်းချက်ဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဖြစ်တယ်။ ဒီရည်မှန်းချက်ကို သွားတဲ့အခါမှာ အတားအဆီးတွေကို ရပ်ဖို့လိုတယ်။ နှစ် ၇၀ ကြာရှိတဲ့ စစ်ပွဲတွေ ရပ်သင့်ပြီ။ မသေသင့်တော့ဘူး။ တပ်မတော်သားတွေဟာလည်း ညီအကိုတွေဖြစ်တယ်၊ မသေသင့်တော့ဘူး” ဟု ဒေါက်တာအေးမောင်က ပြောကြားသွားသည်။

ဖက်ဒရယ်ပြည်ထောင်စုကို ညီအကိုများ ငြိမ်းငြိမ်းချမ်းချမ်းနှင့်သွားလိုလျှင် စစ်ပွဲများကို ရပ်စဲလိုက်ခြင်းသည် ပြည်ထောင်စုအတွက် ပေးဆပ်ခြင်းပင်ဖြစ်သည်ဟုလည်း ဒေါက်တာအေးမောင်က ပြောကြားသွားခဲ့သည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...