တောင်မင်းကုလားကျေးရွာသို့ စစ်ဘေးရှောင် ၇၁၃ ဦး ထွက်ပြေးရောက်ရှိ

တောင်မင်းကုလားကျေးရွာသို့ စစ်ဘေးရှောင် ၇၁၃ ဦး ထွက်ပြေးရောက်ရှိ

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကျောက်တော်မြို့နယ် ကျေးရွာ ၄ ရွာမှ လူပေါင်း ၇၁၃ ဦးသည် ၎င်းမြို့နယ် အတွင်းရှိ တောင်မင်းကုလား ကျေးရွာသို့ ရောက်ရှိနေသည်ဟု သိရသည်။

၎င်းတို့အား လက်ရှိတွင် တောင်မင်းကုလားကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် နေရာချပေးထားသည်။

၎င်းစစ်ဘေးရှောင်များမှာ လမုကိုင်း၊ ငါးစွေ၊ ပါချေနှင့် ပညာဝကျေးရွာများမှ ဖြစ်ကြပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်မတော် (AA) တို့အကြား တိုက်ပွဲများဖြစ်ပွားနေသဖြင့် ကြောက်လန့်ထွက်ပြေးကြခြင်း ဖြစ်သည်ဟု သိရသည်။

တောင်မင်းကုလားရွာသို့ ရောက်ရှိလာကြသော စစ်ဘေးရှောင်များမှာ လမုကိုင်းကျေးရွာမှ မိသားစု ၄၃ စု၊ လူဦးရေ ၁၈၇ ဦး( ကျား ၇၈ + မ ၁၀၉ ) ၊ ငါးစွေကျေးရွာမှ မိသားစု ၂၆ စု၊ လူဦးရေ ၈၇ ဦး (ကျား ၂၇+ မ ၆၀)၊ ပါချေကျေးရွာမှ မိသားစု ၁၀ စု၊ လူဦးရေ ၃၆ ဦး(ကျား ၁၆+ မ ၂၀) ၊ ပညာဝကျေးရွာမှ မိသားစု ၇၁ လူဦးရေ ၄၀၃ ဦး (ကျား ၂၀၈ +မ ၁၉၅ ) စုစုပေါင်း ၇၁၃ ဦးရှိသည်ဟု သိရှိရသည်။

နောက်ထပ်လည်း စစ်ဘေးရှောင်များ တိုးလာနိုင်သူဟု တိမ်းရှောင်လာကြသူများက ပြောသည်။

စစ်ဘေးရှောင်များမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တွင် ရောက်ရှိလာကြသူများ ဖြစ်ပြီး တောင်မင်းကုလားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယာယီတဲထိုး၍ ဖြစ်သလို နေနေကြသည်ကို တွေ့ရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...