မောင်တောမြို့ လေးမိုင်သစ်တောရွာတွင် မိန်းကလေးတစ်ဦး သတ်ဖြတ်ခံရ

မောင်တောမြို့ လေးမိုင်သစ်တောရွာတွင် မိန်းကလေးတစ်ဦး သတ်ဖြတ်ခံရ

မြန်မာနိုင်ငံအနောက်ဖက်နယ်စပ်၊ မောင်တောမြို့နယ်၊ လေးမိုင်သစ်တောရွာတွင် (၁၄) နှစ်အရွယ် ရခိုင်အမျိုးသမီးငယ်တစ်ဦး ဗလက္ကာရပြုကျင့်ကာ သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၅ ရက် နံနက်က လေးမိုင် သစ်တောရွာနေ ဦးမောင်သိန်း ၏ သမီး မနှင်းဖြူ (၁၄) နှစ်သည် မိမိ အိမ်မွေးနွားများကို ရွာအနီးရှိ ခေါင်းပုတ်ချောင်း  နွားစားကျက်ရှိရာသို့ သွားလွတ်စဉ် မတော်မတရား ပြုကျင့်ခံရကာ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သေဆုံးသွားသူ မနှင်းဖြူ ၏ အစ်ကို တော်စပ်သူ ကိုကျော်မင်းထွန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ဖြစ်တာက မနေ့ကဖြစ်တာပါ။ မနေ့က ညီမလေးက နွားစားကျက်ရှိတဲ့ နေရာကို နွားတွေ သွားလွတ်ပါတယ်။ မနက် ၉နာရီမှာ နေ့တိုင်းလိုလို ပို့နေကျပါ။  မနေ့က ပုံမှန်အတိုင်း မနက်ပိုင်း နွားကို စားကျက်နေရာ သွားလွတ်တယ်။ သူက အိမ်ပြန်လာနေကျအတိုင်း မနေ့ကကျတော့ လူကပြန် မရောက်ဘူး။ ညနေစောင်းလို့ နွားတွေက အိမ်ကိုပြန်ရောက်နေကြပေမယ့် လူကပြန်ရောက်မလာဘူး။ လိုက်ရှာကြတော့ ခုလိုမျိုး အဖြစ်ဆိုးနဲ့ သေဆုံးနေတာကို တွေ့ရပါတယ်” ဟု ကိုကျော်မင်းထွန်းက ပြောသည်။

ဒီဇင်ဘာ ၁၅ ရက် ည ၆ နာရီထိ  လူပြန်မရောက်လာသဖြင့် မိသားစုများက စိတ်ပူပြီး လိုက်လံ ရှာဖွေခဲ့ကြကြောင်း၊ သို့သော်လည်း ၎င်းနေ့က ရှာမတွေ့ခဲ့ကြောင်း၊ နောက်တစ်နေ့ မနက်မိုးလင်း အပြီးတွင် ထပ်မံရှာဖွေကြကြောင်း၊  ညနေ ၄ နာရီခန့်မှ  ရွာ၏မြောက်ဖက် ခေါင်းပုတ်ချောင်း အထက်ပိုင်း ၂ မိုင်ခန့် အကွာတွင် သူမအလောင်းကို ရှာဖွေတွေ့ရှိကြောင်း၊ နှာခေါင်းတွင် သွေးထွက်ကာ၊ လည်ပင်းတွင် ညှစ်သတ်ထားသည့် ဒဏ်ရာကိုတွေ့ရကြောင်း၊ ညာဖက်လက်တွင်လည်း ဒဏ်ရာတစ်ချို့ကို တွေ့ရှိရကြောင်း အစ်ကိုဖြစ်သူ မောင်ကျော်မင်းထွန်းက အတည်ပြုပြောကြားသည်။

သေဆုံးသွားသူ မနှင်းဖြူ၏ အလောင်းအား လက်ရှိတွင် မောင်တောမြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးစစ်ရန် ပို့ဆောင်ထားသည်ဟု သိရသည်။

“ ကျွန်တော်တို့ မိသားစုဝင်တွေ အနေနဲ့တော့  မနှင်းဖြူ ခုလို သေဆုံးသွားရတာနဲ့ ပတ်သတ်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့  အမှုမှန်ကို အမြန်ဆုံး ဖော်ထုတ်ပြီး ကျူးလွန်သူတွေကို အရေးယူပေးဖို့ တောင်းဆိုလိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...