လက်ဆောင်ပစ္စ္စည်းများထဲတွင် စိတ်ကြွဆေးထည့်၍ လာပေးသူကို ဖမ်းမိ

လက်ဆောင်ပစ္စ္စည်းများထဲတွင် စိတ်ကြွဆေးထည့်၍ လာပေးသူကို ဖမ်းမိ

ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်ဆိပ်ကျေးရွာတွင် မြေတိုင်းစာရေး ဦးမောင်ပန်းဖြူအိမ်သို့ လာရောက်ပြီး လက်ဆောင်ပစ္စည်းနှင့် စိတ်ကြွဆေးပြားပေးလာသူကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ဦးမောင်ပန်းဖြူက ပြောကြားသည်။

ပစ္စည်းလာပို့သူအား ဒီဇင်ဘာ ၁၃ ရက်နေ့မနက်ပိုင်းက ဦးမောင်ပန်းဖြူကိုယ်တိုင် ဖမ်းဆီးပြီး ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းသို့ အပ်နှံခဲ့သည်ဟု သိရသည်။

ထိုသူမှာ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်တွင်နေထိုင်ပြီး ဆိုင်ကယ်ဘေးတွဲ မောင်းနှင်သူ ဦးသန်းမိုးဖြစ်ပြီး အခြားသူတစ်ဦး၏ စေခိုင်းချက်အရ ပို့ပေးခဲရခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ဦးမောင်ပန်းဖြူက ပြောသည်။

ဦးမောင်ပန်းဖြူ ဇနီး ဒေါ်ဦးသိန်းညွန့် မှာ အမှုဖွင့်၍ ယခု ပုဏ္ဏားကျွန်း မြို့မရဲစခန်းတွင် အချုပ်ကျ၍ ရမန်ယူထားဆဲဖြစ်ကြောင်း၊ အမျိုးသမီးကလည်း ကျန်မာရေးမကောင်၍ ပုဏ္ဏားကျွန်းမြို့ ပြည်သူဆေးရုံတွင် အတွင်း လူနာအဖြစ် ဆေးကုသခံနေကြောင်း သိရသည်။

ဤကိစ္စနှင့်ပတ်သက်၍ မစိုးရိမ်ပါရန်နှင့် မကြာခင်အမူမှန်ပေါ်ပေါက်ကာ အမှန်တရား ပေါ်လာမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပုဏ္ဏားကျွန်း မြို့မ ရဲစခန်းမှူးက ပြောသည်။

ဒီဇင်ဘာ ၄ ရက်နေ့က နတ်ဆိပ်ကုန်ပုတ်ကျေးရွာ ဦးမောင်ပန်းဖြူ နေအိမ်သို့ လူစိမ်းလူတစ်ဦး ရောက်လာပြီး လုံချည် ၄ ထည်ပါသော လိမ္မော်ရောင်အိတ် တစ်အိတ်ကို လက်ဆောင်ပစ္စည်းဟု ဆိုကာ အိမ်လှေကားတွင် ချထားပြီး ထွက်သွားခဲ့ကြောင်း၊ ၎င်းလူဝင်လာချိန်တွင် ဒေါ်သိန်းညွှန့်မှာ ထမင်း စားနေကြောင်း၊ ချက်ချင်း ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လက်ဆောင်အိတ်ကို ဖွင့်ဖောက်ရှာဖွေရာ လုံချည်တစ်ထည်စီ ကြားထဲမှ စိတ်ကြွဆေးပြား ၃၀ စီတွေ့ရှိခဲ့ကြောင်း၊ ထိုသို့ တွေ့ရှိပြီးနောက် ဒေါ်သိန်းညွှန့်အား ရဲက ဖမ်းဆီးလိုက်ကြောင်း မြေစာရင်းရုံးစာရေး ဦးမောင်ပန်းဖြူက နိရဉ္စရာသတင်း ဌာနသို့ ပြောသည်။

လုံချည်ကို လက်ခံရယူမည့် အမည်စာရင်း ၄ ဦးမှာ မြေစာရင်းစာရေး ဦးမောင်ပန်းဖြူ ၊ တန်းခိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်း၊ တန်းခိုးကျေးရွာမှ ရာအိမ်မှူး ဦးမောင်သိန်းဝင်းနှင့် ပြည်နယ်မြေစာရင်းရုံးတွင် လက်ထောက် ဦးစီးအဖြစ် တာဝန်ထမ်းဆောင်နေသူ တန်းခိုးဇာတိ ဦးခင်သန်းမောင်တို့၏ အမည်များ ပါရှိပြီး ပေးပို့သူ၏ နာမည်တွင် ဦးဇော်ဝင်းမြင့်ဟု ပါရှိသည်ဟု သိရသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...