မြို့နယ်၂ ခုတွင် စစ်ပြေးရှောင်ရွာသား၂၉၂ ဦးရှိနေပြီး နောက်ထပ်လည်း တိုးလာနိုင်ဟုဆို

မြို့နယ်၂ ခုတွင် စစ်ပြေးရှောင်ရွာသား၂၉၂ ဦးရှိနေပြီး နောက်ထပ်လည်း တိုးလာနိုင်ဟုဆို

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ)တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ကျေးရွာများကို စွန့်ခွာထွက်ပြေးလာသူ စစ်ပြေးရှောင်အရေအတွက်မှာ ဘူးသီးတောင်မြို့နယ်တွင် ၂၅၀ နှင့် ပုဏ္ဍားကျွန်းမြို့နယ်တွင် ၄၂ ဦးရှိကြောင်း သိရသည်။

၎င်းပြင်နောက်ထပ်လည်း တိုးနိုင်လာနိုင်ခြေရှိသည်ဟု သိရသည်။

လက်ရှိ ဘူးသီးတောင်မြို့နယ် စည်တောင် စာသင်ကျောင်းတွင် ကံပြင်ကျေးရွာမှ လာရောက်ခိုလုံသူ မိသားစု ၅၆ စု၊ ကျား ၁၃၀/ မ ၁၂၀ ရှိကြောင်း၊ ထိုအထဲတွင် ၁၂ အောက် ကလေးငယ်မှာ ကျား ၃၆ ယောက်၊ မ ၃၀ ဖြစ်ကြောင်း ကံပြင်ကျေးရွာ လူကြီးတစ်ဦးဖြစ်သူ ဦးဖိုးသန်းက ပြောကြားသည်။

“ ကျွန်တော်တို့ရွာက လူတွေအားလုံးစည်တောင်ကို ရောက်နေပါပြီ။ စပါးထားက လူတွေ အကုန်လုံး စည်တောင်ရွာကို ခေါ်ထားပါတယ်။ ဒီနေ့(ဒီဇင်ဘာ ၁၂ ရက်နေ့) တော့ ဘူးသီးတောင်ထွေအုပ်က ဆန်နဲ့ ရိက္ခာတွေ လာကူညီပါတယ်။ ဒီမှာ အဓိက လိုအပ်နေတာက စောင်နဲ့ အနွေးထည်တွေပါ။ ကလေးတော်တော်များ အတွက် လိုအပ်နေတာပါ” ဟု ဦးဖိုးသန်းက ပြောသည်။

စစ်ပြေးရှောင်များခိုလုံနေကြသဖြင့် စည်တောင်စာသင်ကျောင်းကိုလည်း ယာယီပိတ်ထားရသည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်ပုန်းတန်းတွင်လည်း လက်ရှိ ဖက်ဝမ်းချောင်းကျေးရွာမှ ခိုလုံနေသူ မြိုတိုင်းရင်းသား ၄၂ ဦးရှိပြီး ထိုအထဲတွင် ကျား ၁၉ ယောက်၊ အမျိုးသမီး ၂၃ ယောက်ဖြစ်ပြီး ကလေးငယ် ၁၈ ယောက်ပါဝင်သည်ဟု အထက်သင်ပုန်းတန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောသည်။

“ လောလောဆယ်တော့ ဆန်က အဆင်ပြေပါတယ်။ လက်ရှိ ရောက်ရှိလာတဲ့ ဆန်အိတ်က ရခိုင် အမျိုးသားပါတီက ၁၀ အိတ်၊ မြို့နယ် ထွေအုပ်က ၁၀ အိတ်၊ ပိုးရွှီပြင်မဟာမိတ်လူမှုကူညီရေး အသင်းက ၁၀ အိတ်၊ တစ်ခြားကပါဆိုင်ရင် ဆန်အိတ် ၃၀ ကျော်လောက်တော့ ရောက်နေပါပြီ။ တစ်ခြား ရိက္ခာတွေ၊ စောင်တွေလည်း လိုအပ်နေပါသေးတယ်” ဟု ဦးသိန်းဝင်းက ပြောသည်။

၎င်းပြင် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် တောဖျားချောင်း အဖျားပိုင်းတွင် တည်ရှိသည့် ကျောက်ဆည်တောင်ရွာနှင့် သပြုချောင်းရွာမှ မိသားစု ၄၀ ကျော်လည်း ၎င်းတို့ကျေးရွာတွင် မနေဝံ့သဖြင့် အထက်သင်ပုန်းတန်းရွာသို့ ဆင်းလာကြမည်ဟု ဦးသိန်းဝင်း ပြောကြားသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...