ရမ်းဗြဲမြို့နယ်မှ ကျောင်းဆရာမကိုသတ်သွားသူအား ဖမ်းဆီးရမိ

ရမ်းဗြဲမြို့နယ်မှ ကျောင်းဆရာမကိုသတ်သွားသူအား ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ မူလတန်းပြကျောင်းဆရာမ ဒေါ်မေဇင်းနှင်းကို သတ်သွားသူကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ဆရာမအား သတ်သွားသူမှာ မာန်အောင်မြို့နယ် နတ်ပြင်ကျေးရွာမှ ရွှေထူး(ခ)အေးချမ်း(၂၁ နှစ်)ဖြစ်ပြီး သူ့အား သက်သေခံပစ္စည်းများနှင့်အတူ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်တွင် ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

"စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူမှာ တောချက်အရက်နှင့်ဓနိရည်များ အလွန်အကျွံ သောက်သုံး ထားရာမှ၊ အခင်းဖြစ်ချိန်လူသွားလူလာပြတ်လပ်သည်ကို အခွင့်ကောင်းယူကာ ကာမရာဂ စိတ် ပြင်းထန်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်"ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသူတွင် ဆရာမ၏ပျောက်နေသည့်လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဆိုင်ကယ်အနီးတစ်စီးကိုလည်း ဖမ်းမိခဲ့ပြီး သူ့အား ဆက်လက်တရားစွဲဆိုနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

သေဆုံးသွားသည့်ကျောင်းဆရာမ၏ဖခင် ဦးအေးရွှေကို ဆက်သွယ်မေးမြန်းရာ တရားခံကို ဖမ်းမိထားခြင်းကို သူ့ကို အကြောင်း မကြားသေးဟု နိရဉ္စရာသို့ ပြောသည်။

ရမ်းဗြဲမြို့နယ်၊ စည်ရင်းကျေးရွာမှ မူလတန်းပြကျောင်းဆရာမ ဒေါ်မေဇင်းနှင်းသည် ဒီဇင်ဘာ ၁ဝ ရက်နေ့ နံနက်ပိုင်းက သူမနေထိုင်ရာ ကျေးရွာမှ ၄ မိုင်ခန့် ဝေးသည့် အတွင်းပြင်အုပ်စုရှိ တောင်ရွာ ကျေးရွာ မူလတန်း ကျောင်းသို့ စာပြရန် သွားရောက်စဉ် လမ်းတွင် အသတ်ခံလိုက်ရခြင်းဖြစ်သည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...