တောင်ကုတ်တွင် အနှေးယာဉ်မောင်းသူများ ဆန္ဒဖော်ထုတ်

တောင်ကုတ်တွင် အနှေးယာဉ်မောင်းသူများ ဆန္ဒဖော်ထုတ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် အနှေးယာဉ်မောင်းသူ ၁၀၀ ကျော်က ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီကျော်တွင် မြို့ပတ်ပြီး ဆန္ဒဖော်ထုတ်ခဲ့သည်ဟု သိရသည်။

တောင်ကုတ်မြို့ ဈေးပတ်လမ်းတွင် ဆိုက္ကားဆွဲသူများ အတွက် ဂိတ်ထိုးရန် နေရာရရှိရေးအတွက် ယခုလို ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဆိုက္ကားအသင်းဥက္ကဋ္ဌ ဦးသန်းဝင်းက နိရဉ္စရာသို့ ပြောသည်။

"ကျွန်တော်တို့ အနှေးယာဉ်ဆွဲသူတွေအတွက် အခုက လုပ်စားလို့မရတဲ့အခြေအနေရောက်နေပြီ။ တောင်ကုတ် ဈေးပတ်လမ်းပေါ့။ အဲ့ဒီမှာ အရင်က ကျွန်တော်တို့ ဂိတ်ထိုးပြီးတော့ ဆွဲတယ်။ ဒီဈေးနဲ့ပဲ လုပ်စားနေရတာ။ အခုဆိုဒီ ပျံကျဈေးသည်တွေက နေရာယူထားတော့ ကျွန်တော်တို့ ဆိုက္ကားနင်းပြီး လုပ်စားနေသူတွေအတွက် အဆင်မပြေတော့ဘူး။ဒါကို ကျွန်တော်တို့က စည်ပင်ကို ပြောပါတယ်။ ဒါပေမယ့် အခုထိမထူးခြားတဲ့အတွက် အခုလို ဆန္ဒပြရတာပါ"ဟု ၎င်းကပြောသည်။

"ကျွန်တော်တို့က တောင်းဆိုတာကတောင်ကုတ်မြို့ ဈေးပတ်လမ်းက ကျူ းကျော်ဈေးဆိုင်ခန်းတွေဖျက်သိမ်း ပေးရေး။ကျွန်တော်တို့ အနှေးယာဉ်သမားတွေ ဈေးပတ်လမ်းမှာ ဂိတ်ထိုးဖို့အတွက် နေရာရရှိရေး၊ ပြီးတော့ ဆိုက္ကားလိုင်စင်ကြေး တစ်နှစ် ၆၅၀၀ ပြန်ဖြစ်ရေး။ပြီးတော့ ဒီလိုင်းကားတွေကနေပြီးတော့ ခရီးသည်တွေကို ဂိတ်မှာမချဘဲ နေအိမ်အထိလိုက်ပို့တော့ ကျွန်တော်တို့ အနှေးယာဉ်ဆွဲသူတွေ အဆင် မပြေဘူး။ဒါကို ရပ်တန့်ပေးရေး။ဒါတွေကို တောင်းဆိုတာပါ"ဟု ဦးသန်းဝင်းက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးစန်းငွေ အားဆက်သွယ်မေးမြန်းရာ ဆိုက္ကားအသင်းနှင့် ၎င်းတို့မှာတွေ့ဆုံဆွေးနွေးပြီးကြောင်း။ဈေးပတ်လမ်းတွင်လည်းဆိုက္ကားဂိတ်ထိုးရန် နေရာပေးထားကြောင်း။ဆိုက္ကားအဖွဲ့က ဈေးပတ်လမ်းတစ်ခုလုံးကို ၎င်းတို့ဂိတ်ထိုးရန် တောင်းဆိုခြင်းဖြစ်ကြောင်း နိရဉ္စရာသို့ ပြောသည်။

"သူတို့ဆိုက္ကားအဖွဲ့နဲ့ ကျွန်တော်တို့တွေ့ဆုံပြီး တစ်ကြိမ်ညှိနှိုင်းခဲ့ပါတယ်။ပြီးတော့ အခုဟာက သူတို့အတွက် ဂိတ်ထိုးဖို့နေရာ မရတာမဟုတ်ဘူး။သူတို့ကို ဒီဈေးပတ်လမ်းမှာ ဆိုက္ကားထိုးမယ့်နေရာ ၃ နေရာ စုစုပေါင်း ၆၅ စီးစာ နေရာကိုကျွန်တော်တို့ ပေးထားပါတယ်။ ဒါကိုမှ သူတို့က အဲ့ဒီ ထီးမိုးပြီး ယာယီရောင်းနေတဲ့ဈေးဆိုင် လေးငါးဆိုင်ကိုပါ ဖျက်ပစ်စေချင်တာ။ဒါကြောင့်ဆန္ဒပြကြတာထင်ပါတယ်"ဟု ဦးစန်းငွေ

က ဆက်ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် မွန်းလွဲ ၁ နာရီကျော်တွင် ပန်းတောင်း-တောင်ကုတ်လမ်းမှ အမ်းလမ်း၊ ထိုမှတစ်ဆင့် ဦးဥတ္တလမ်းတစ်လျှောက် ချီတက်ခဲ့ကြကာ ညနေ ၃ နာရီခန့်တွင် ဆန္ဒဖော်ထုတ်မှုကို ရပ်နားခဲ့သည်ဟု သိရသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...