ပြိုင်ပွဲဝင်မည့် မူးယစ်ဆေးဝါးပညာပေးဇာတ်လမ်းတို တောင်ကုတ် မြို့တွင် ရိုက်ကူးပြီးစီး

ပြိုင်ပွဲဝင်မည့် မူးယစ်ဆေးဝါးပညာပေးဇာတ်လမ်းတို တောင်ကုတ် မြို့တွင် ရိုက်ကူးပြီးစီး

မြန်မာ့ ရုပ်ရှင်အစည်းအရုံးက ကြီးမှူ းကျင်းပသည့် ကျင်းပသည့် 4th Myanmar Youth Microfilm Contestတွင်ပြိုင်ပွဲဝင်ရန်အတွက် မူးယစ်ဆေးဝါး ပညာပေးဇာတ်လမ်းတိုအား ရခိုင်ပြည်နယ် တောင်

ကုတ်မြို့တွင် ရိုက်ကူးနေရာ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာပေးဇာတ်လမ်းတိုအား ရခိုင်ဓါတ်ပုံဆရာကိုကျော်သူအောင်နှင့် ရခိုင်စာရေးဆရာ ရက္ခတို့က စီစဉ်ရိုက်ကူးနေခြင်းဖြစ်ပြီး တောင်ကုတ်မြို့မှ သရုပ် ဝါသနာပါသူ လူငယ် ၅ ဦးပါဝင်သရုပ်ဆောင်ထားသည် ဟုသိရသည်။

အဆိုပါ ဇာတ်လမ်း၏ ဇာတ်အိမ်ဖွဲ့ပုံကို ဇာတ်လမ်း ဇာတ်ညွန်းရေးသူ ဆရာရက္ခက နိရဉ္စရာသို့ ယခုလိုပြောသည်။

“ဒီဇာတ်လမ်းက မူးယစ်ဆေးဝါးက ဘဝတွေကို ဘယ်လိုမျိုး ဖျက်ဆီးပစ်နိုင်လဲဆိုတာကို ပေါ်လွင်အောင်။ ရသမြောက်အောင် တတ်နိုင်သမျှ ဇာတ်အိမ်ဖွဲ့ထားပါတယ်။ ဇာတ်လမ်းထဲမှာ အဓိကဇာတ်ကောင်က မောင်နှစ်မ နှစ်ယောက်ပေါ့။အကိုလုပ်တဲ့လူက မူးယစ်ဆေးစွဲလာတဲ့အချိန်မှာ သူတို့ဘဝဟာ ဘယ်လောက်ထိ မသာယာနိုင်တော့ ဆိုတာကို အဓိကညွန်းတာပါ။ချစ်ခြင်းနဲ့ မူးယစ်ဆေးဝါးကို တွဲထားတာပေါ့”ဟု ဆရာရက္ခ ကပြောသည်။

အဆိုပါဇာတ်လမ်းမှာ အချိန် ၅ မိနစ်စာရှိပြီး ၄ ရက် အချိန်ပေးရိုက်ကူးခဲ့ရသည်ဟု ဒါရိုက်တာ ကိုကျော်သူအောင် က ပြောသည်။

“ကျွန်တော်တို့က ဒီဇာတ်လမ်းတိုလေးကို 4th Myanmar Youth Microfilm Contest တွင် ပြိုင်ပွဲဝင်ဖို့ အတွက်ရိုက်ကူးနေတာပါ။အကောင်းဆုံးဖြစ်အောင်တော့ တတ်နိုင်သမျှ ကြိုးစားရိုက်ကူး ထားပါတယ်။ ပြိုင်ပွဲက ဒီဇင်ဘာလထဲမှာမှ ဆိုတော့ ကျွန်တော်တို့က ဇာတ်လမ်းနာမည်ကို အတည်မပေးသေးပါဘူး။ ဒီကြားထဲ ပြင်ဆင်သင့်တာတွေ ပြင်ဆင်လို့ရ အောင်ပါ”ဟု ဒါရိုက်တာ ကိုကျော်သူအောင်က

ပြောသည်။

ရခိုင်လူငယ် အမျိုးသမီးဒါရိုက်တာတစ်ဦးဖြစ်သူ မင်းစုစံကလည်း”ဆိတ်ကွယ်ရာ”အမည်ရှိ ရခိုင်စကားေြ ပာ ဇာတ်လမ်းတိုအား တောင်ကုတ်မြို့တွင်ပင် ရိုက်ကူးခဲ့ပြီး ပြိုင်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီဟု

သိရသည်။

4th Myanmar Youth Microfilm Contest ပွဲအား ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာ့ရုပ်ရှင် အစည်းအရုံး၌ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များ၏ ဇာတ်ကား ၃၀ ကိုဆန်ခါတင် ရွေးချယ်သွားကာ ဆုရသည့်ဇာတ်လမ်းအား နောက်ထပ် ရိုက်ကူးနိုင်ရန် ကျပ် သိန်း ၁၀၀၀ ခန့်ချီးမြှင့်မည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...