AA စစ်ဦးစီးချုပ်ရုပ်ပုံဖြင့် မီးပုံးပျံလွတ်တင်ခဲ့သူ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

AA စစ်ဦးစီးချုပ်ရုပ်ပုံဖြင့် မီးပုံးပျံလွတ်တင်ခဲ့သူ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

ရက္ခိုင့်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မွေးေန့တွင် ၎င်း၏ရုပ်ပုံဖြင့် မီးပုံပျံ လွတ်တင်ခဲ့သူကို ကျောက်ဖြူ မြို့နယ်တရားရုံးက နိုဝင်ဘာ ၂၆ ရက် တွင် ထောင်ဒဏ်၂ နှစ်ချမှတ်လိုက်သည်။

၎င်းချမှတ်မှု အပေါ် တရားမျှတမှုမရှိသဖြင့် အထက်တရားရုံးများသို့ အယူခံ ဝင်မည်ဖြစ်ကြောင်း ၎င်းအမှုကို လိုက်ပါဆောင်ရွက်နေသည့် အထက်တန်းရှေ့နေ ဦးတင်မြင့်က နိရဥ္စရာသို့ ပြောသည်။

“ဒီကိစ္စက သူတို့ဆုံးဖြတ်ခဲ့တဲ့ ၁၇(၁)နဲ့ မငြိစွန်းဘူးလို့ ကျွန်တော်တို့မြင်တယ်။ အဲ့ဒီလောက်ထိ အပြစ်မပေး သင့်ဘူး။ ဒါပေမယ့် သူ့ပင်မတရားရုံးက ဆုံးဖြတ်ချက် ချပြီး အပြစ်ပေးတာတော့ ကျွန်တော်တို့ဘာမှ မတတ်နိုင်ဘူးလေ။ ဒါပေမယ့် အခုလို အပြစ်ပေးလိုက်တာသည် တရားမျှတမှုမရှိဘူးလို့ ကျွန်တော်တို့မြင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ခရိုင်တရားရုံးကို ထပ်ပြီးအယူခံဝင်မယ်”ဟု ရှေ့နေဦးတင်မြင့် ကပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ုမြို့နယ် လိပ်ခမော်ကျေးရွာနေ ကိုလှထွန်းကျော်သည် ၂၀၁၇ နိုဝင်ဘာလ ၇ ရက်နေ့က ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မွေးနေ့တွင် သူရုပ်ပုံပါသော မီးပုံးပျံကိုလွတ် တင်ခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရသည်။

ထိုသို့ဖမ်းဆီးခံရပြီး တစ်နှစ်ကျော်အကြာတွင် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့်ငြိစွန်းသည်ဟု ကျောက်ဖြူ မြို့နယ်တရားရုံးက ဆုံးဖြတ်ကာ ယနေ့တွင် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။

April 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေကျေးရွာများအား မြန်မာစစ်တပ်က...
April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...
April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...