ရခိုင့်သယံဇာတ ရခိုင်တို့စီမံပိုင်ခွင့်ရရှိရေး တောင်းဆိုချီတက်ပွဲ လူပေါင်းထောင်နဲ့ချီပြီးပါဝင်ဆင်နွှဲ

ရခိုင့်သယံဇာတ ရခိုင်တို့စီမံပိုင်ခွင့်ရရှိရေး တောင်းဆိုချီတက်ပွဲ လူပေါင်းထောင်နဲ့ချီပြီးပါဝင်ဆင်နွှဲ

ရခိုင့်သယံဇာတရပိုင်ခွင့်နှင့် စီမံံခန့်ခွဲပိုင်ခွင့်တို့ကို တောင်းဆိုသည့် လူထုချီတက် ဆန္ဒဖော်ထုတ်ပွဲတစ်ခုကို ကျောက်ဖြူ မြို့တွင် ယနေ့ မွန်းလွဲ ၁ နာရီတွင် စတင်ပြုလုပ်ရာ လူပေါင်း ထောင်နှင့်ချီပြီး ပါဝင်ဆင်နွှဲနေကြသည်ဟု သိရသည်။

၎င်းလူထုချီတက်ပွဲကို စစ်တွေမှ ကျောက်ဖြူသို့ လမ်းလျှောက်ချီတက် တောင်းဆိုခဲ့သည့် (၂) နှစ်ပြည့် အထိမ်းအမှတ်နေ့ ကျင်းပစဉ် ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာကွန်ယက်(ANREN)မှ တာဝန်ရှိသူ ကိုထွန်းကြည်ကနိရဥ္စရာသို့ ပြောသည်။

“အဓိက ချီတက်တောင်းဆိုရတာကတော့ ရခိုင့်သယံဇာတကို ရခိုင်တွေ ရပိုင်ခွင့်ရှိဖို့။ စီမံခန့်ခွဲပိုင်ခွင့်ရှိဖို့။ရ ခိုင့်သယံဇာတကို ရခိုင်လူထု အကျိုးခံစားခွင့်ရဖို့အတွက်ပေါ့။ ကျွန်တော်တို့ ၂၀၁၆ ခုနှစ်ကလည်း စစ်တွေ-ကျောက်ဖြူ လူထုချီတက်မှုတစ် ခု ပြုလုပ်ခဲ့တယ်။ဒီကနေ့ ဆိုရင် ၂ နှစ်ပြည့်ပေါ”ဟု ကိုထွန်း

ကြည်က ပြောသည်။

ကျောက်ဖြူလမ်းမများပေါ်တွင် ချီတက် ဆန္ဒဖော်ထုတ်ရာတွင် ဆန္ဒဖော်ထုတ်သူများသည့် နဖူးစည်း အနီများ ဦးခေါင်းများတွင် ကိုယ်စီချည်နှောင်ပြီး ပိုစတာများ၊ ဆိုင်းဘုတ်များကို ကိုင်တေဆာင်ကာ ကြွေးကြော်သံများ သံပြိုင်ဟစ်ကြွေးကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကြွေးကြော်သံများမှာ ရခိုင့်သယံဇာတကို ရခိုင်တို့ ပိုင်ဆိုင်ရေး၊ ရခိုင့်သယံဇာတကို ရခိုင်တို့စီမံ ခန့်ခွဲ ပိုင်ခွင့်ရရှိရေး၊ ရခိုင့်သယံဇာတကို ရခိုင်လူထုအကျိုး ခံစားခွင့်ရရေး၊ ရခိုင့်သယံဇာတကို ရခိုင်ပြည်သူတို့ ကိုယ်တိုင် စီမံခန့်ခွဲခွင့် ရရှိရေး တို့ဖြစ်ကြသည်။

ဆန္ဒဖော်ထုတ်သူများသည် မွန်းလွဲ ၁ နာရီတွင် ကျောက်ဖြူ မြို့ဝင်ဝမှ စတင်ပြီး ကျောက်ဖြူမြို့လယ်ရှိ နာရီစင်အထိ ချီတက်နေကြသည်ဟု သိရသည်။

ညနေ ၃ နာရီကျော်တွင် ရခိုင့်သယံဇာတနှင့်ပတ်သက်သည့် ဟောပြောမှုများ ပြုလုပ်သွားမည်ဟု ကိုထွန်းကြည်က ဆက်ပြောသည်။

“ကျွန်တော်တို့ အခုစတင်ချီတက်နေပါပြီ။ကျွန်တော်တို့ ချီတက်လှည့်လည်တဲ့အချိန်နဲ့ဆိုရင် ညနေ ၃ နာရီလောက် နာရီစင်ကိုရောက်ပါမယ်။အဲ့ဒီမှာ ရခိုင့်သယံ ဇာတနဲ့ ပတ်သက်တဲ့ ဟောပြောမှုတွေပြုလုပ်ဖို့ရှိပါ

တယ်”ဟု ကိုထွန်းကြည်က ဆက်ပြောသည်။

ဆန္ဒဖော်ထုတ်မှုရာတွင် လူဦးရေ ၃၀၀၀ ခန့် ပါဝင်သည်ဟု သိရသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...