ကချင်ရိုးရာယဉ်ကျေးမှု လူငယ်ဌာနမှ ပထမဆုံး လူငယ် ဆွေးနွေးပွဲ ပြုလုပ်

ကချင်ရိုးရာယဉ်ကျေးမှု လူငယ်ဌာနမှ ပထမဆုံး လူငယ် ဆွေးနွေးပွဲ ပြုလုပ်

ကချင်လူငယ်များ၏ ရိုးရာယဉ်ကျေးမှုကဏ္ဍနှင့်ဆိုင်သော ပထမဆုံး အကြိမ် ဆွေးနွေးပွဲ တစ်ရပ်ကို ဒီကနေ့ မြစ်ကြီးနားမြို့ မနောကွင်း Majoi ခန်းမ တွင်ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် အဓိကအားဖြင့် ကချင်မျိုးနွယ်စု ၆ စုမှ လူငယ်များကို ကချင်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ မှ လူငယ်များကို မိမိရိုးရာယဉ်ကျေးမှုနှင့် လူမျိုးရေးဆိုင်ရာလုပ်ငန်းများ တွင် ပါဝင်မှု အားကောင်း လာရန်ရည်ရွယ်ပြီး ပြုလုပ်ကြောင်း သိရသည်။

ကချင်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ လူငယ်ဌာနအောက် ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သောကဏ္ဍ၊ အနုပညာနှင့်ဆိုင်သောကဏ္ဍ၊ လူငယ်ပြုစုပျိုးထောင်ခြင်း ကဏ္ဍ၊ တိုင်းရင်းသားအချင်းချင်းဆက်သွယ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုကဏ္ဍ စသော အခန်းကဏ္ဍ(၇)ခုတွင် လူငယ်များပါဝင်မှုအားနည်းနေခြင်းြဖစ်သည်ဟု ကချင်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ လူငယ်ခေါင်းဆောင် Shd. Zukdo Tsawm Naw က ယခုလို ပြောသည်။

“မျိုးနွယ် ၆ခုက လူငယ်များ ရိုးရာယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ ကဏ္ဍမှာ ထိထိရောက်ပါဝင်မှုတွေမရှိတော့ ရိုးရာယဉ်ကျေးမှုအပိုင်းမှာ အားနည်လာတယ်။ လူငယ်များအနေနဲ့လုပ်ဆောင်သင့်တဲ့ အခွင့်အရေးများ အများကြီး ဆုံးရှုံးနေရတယ်။ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ က ပျောက်ဆုံးလာတယ်။ ဒါကြောင့် မျိုးနွယ် ၆ခုမှ လူငယ်များ ကဏ္ဍအသီးသီးမှာ ပါဝင်မှု အားကောင်းလာအောင်လုပ်ဆောင်သွားမယ်။ ဒါမှ မျိုးနွယ်အချင်းချင်း စည်းလုံးမှုတွေရလာမယ်။”

ရိုးရာယဉ်ကျေးမှုထုံးတမ်း အစဉ်လာ သမိုင်းကို လူငယ်များ လေ့လာမှတ်သားခြင်းဖြင့် ကိုယ့်လူမျိုးအကြောင်းကို ကမ္ဘာ့အလယ်မှာ လူမျိုးတစ်ခုဖြစ်ကြောင်း သက်သေပြနိုင်မည်ဟု သူက ဆက်ဆိုသည်။

ယနေ့လူငယ်များနှင့်ကချင်ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ကချင်မျိုးနွယ် ၆ခုမှ လူငယ်များ ၃၀ကျော် နှင့် ကချင်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ အဖွဲ့ဝင်များ ပါဝင်ဆွေးနွေးကြပါသည်။

June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...
June 23, 2026
မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု...
June 22, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုက...
June 20, 2026
ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို အဓိက ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား...