မူးယစ်ဆေး သယ်ဆောင်သူဟု ယူဆရသူ ၅ ဦးသေဆုံး၊ စိတ်ကြွဆေး ၁ သန်းခန့်ဖမ်းမိ။

မူးယစ်ဆေး သယ်ဆောင်သူဟု ယူဆရသူ ၅ ဦးသေဆုံး၊ စိတ်ကြွဆေး ၁ သန်းခန့်ဖမ်းမိ။

ထိုင်း မြန်မာနယ်စပ်တွင် မြန်မာနိုင်ငံဖက်ခြမ်းမှ မူးယစ်ဆေးသယ်လာသူများနှင့် ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့၍ မူးယစ်ဆေးသယ်ဆောင်လာသူ ဟုယူဆရသူ ၅ ဦးသေဆုံးပြီး မက်သဖက်တမင်း စိတ်ကြွဆေးပြား ၁ သန်း ခန့်ဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးသယ်ဆောင်လာသူများနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာသည် မြန်မာနိုင်ငံ တာချီလိတ်ခရိုင် တဖက်ခြမ်း ထိုင်း မြန်မာ နယ်စပ် နှင့် မီတာ ၇၀၀ အကွာ ထိုင်း နယ်နမိတ်အတွင်း၌ နိုဝင်ဘာ ၂၄ ရက်နေ့ ညည့်ဦးပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထိုင်းစစ်တပ်အရာရှိတစ်ဦး ထံမှ သိရှိရသည်။

ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ထိုင်း မြန်မာနယ်စပ်   ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ဝင်းဖန်ခမ်းကျေးရွာအုပ်စု နယ်မြေအတွင်း မူးယစ်ဆေးဝါးများ သယ်ယူလာရန်ရှိသည်ဟု သတင်းရရှိထား၍ နယ်မြေလုံခြုံရေး ယူထားစဉ် ယခုလို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မူးယစ်ဆေးဝါးသယ်ဆောင်လာသူ အမျိုးသား ၇ ဦးခန့်သည် အထုပ်ကိုယ်စီဖြင့် တောလမ်းအတိုင်း ကျောပိုး သယ်ယူလာချိန်တွင် ဖါမီကျေးရွာ အနီး တောဝက်ဘောလုံးအသင်းသားများ ဇူလိုင်လ အတွင်းက ပိတ်မိခဲ့သည့်  နန်းနွမ်းဂူအပေါ်တောင်ကြောပေါ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မူးယစ်ဆေးသယ်ဆောင်လာသူများကို ထိုင်းနယ်ခြားစောင့်တပ်မှ ရပ်တန့်ဖို့ပြောဆိုရာမှ ၁၅ မိနစ်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းမှု ပြုလုပ်ရာ တွင် သေဆုံးနေသည့် အမျိုးသားအလောင်း ၅ လောင်း နှင့်အတူ အိတ် ၅ အိတ် ထဲမှ မူးယစ်ဆေး ယာဘ စိတ်ကြွဆေးပြား ၁ သန်းနီးပါး ကို သိမ်းဆည်းရမိခဲ့သည်။

Most read this week

ဓါတ်ပုံ - Crd
September 12, 2026
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို တော်လှန်ရေး...
September 12, 2026
မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်...
September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...