ရန်ကုန်မှ ပြန်ပို့ခံရသူ ၁၀၆ ဦး စစ်တွေသဲချောင်းသို့ ရောက်ရှိ

ရန်ကုန်မှ ပြန်ပို့ခံရသူ ၁၀၆ ဦး စစ်တွေသဲချောင်းသို့ ရောက်ရှိ

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် ပင်လယ်ထဲ မျောပါနေသည့် စက်လှေကြီး တစ်စီးဖြင့် ဖမ်းဆီးခံရပြီး ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရေတပ်သင်္ဘောဖြင့် ပြန်ပို့ခံရသူ ဘင်္ဂလီဒုက္ခသည် ၁၀၆ ဦးသည် ယနေ့နံနက်က စစ်တွေမြို့ သဲချောင်းသို့ ရောက်ရှိလာခဲ့သည်ဟု သတင်းရရှိသည်။

“ အခုသူတို့ကို မန်ဇီ (၂) စခန်းမှာရှိတဲ့ ဆိုင်ကလုန်စင်တာ ကို ယူသွားပါတယ်။ သူတို့ရောက်တာက နံနက် ၁၀ နာရီကျော်မှာ ရောက်ပါတယ်။ အစောင့်အရှောက်တွေအများကြီးနဲ့ ကားပေါ်တင်ပြီး ယူဆောင်သွားခဲ့တာဖြစ်ပါတယ်”ဟု မျက်မြင် ဒေသခံမွတ်ဆလင်တစ်ဦးက ပြောသည်။

ယခုအခါ ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများ ၎င်းနေရာသို့ ရောက်ရှိနေပြီး ၎င်းတို့နေထိုင်ခဲ့ရာ ကျေးရွာများနှင့် ဒုက္ခသည်စခန်းများပို့ဆောင်သွားမည်ဟု သိရကြောင်း ၎င်းက ပြောကြားသည်။

၎င်းတို့ ၁၀၆ ဦးကို နိုဝင်ဘာလ ၁၆ရက်နေ့က ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီး ပင်လယ်ကမ်းနားတွင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

၎င်းတို့သည် စစ်တွေ မူဆလင်ဒုက္ခသည်စခန်းများမှ အောက်တိုဘာ ၂၃ ရက်နေ့က စက်လှေဖြင့် ထွက်ခွာလာခဲ့ပြီး ၂၅ ရက်အကြာ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကျောက်တန်းမြို့နယ်တွင် ထိန်းသိမ်းခံခဲ့ကြရခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှ စစ်တွေမြို့သို့ ရေတပ် သင်္ဘောဖြင့် နိုဝင်ဘာ ၁၈ ရက် နေ့လယ် ၁၂ နာရီက ပြန်လည် ပို့ဆောင်ခဲ့ရာ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်တွင် စစ်တွေ သဲချောင်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

(နိုဝင်ဘာ ၁၆ ရက်နေ့က စစ်တွေသို့ ပို့ဆောင်မည့် ရေတပ်သင်္ဘောပေါ်သို့ တက်နေကြစဉ်)

April 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေကျေးရွာများအား မြန်မာစစ်တပ်က...
April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...
April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...