လူထုအသံနားထောင်ဖို့ လူပ်ရှားသည့် Green Bike လူငယ် ၁၅ ဦး မူဆယ်ကနေ စက်ဘီးစီးနှင်းလာရာ ရခိုင်ရိုးမပေါ်ရောက်ရှိ

လူထုအသံနားထောင်ဖို့ လူပ်ရှားသည့် Green Bike လူငယ် ၁၅ ဦး မူဆယ်ကနေ စက်ဘီးစီးနှင်းလာရာ ရခိုင်ရိုးမပေါ်ရောက်ရှိ

မွန်၊ ရခိုင်၊ ကချင်နှင့် ရန်ကုန်မှ လူငယ် ၁၅ ဦးပါဝင်သော Green Bike လူပ်ရှားသူ လူငယ်များသည် ဂတ်စ်နှင့်ရေနံပိုက်လိုင်းရာ နယ်မြေဒေသများကို ဖြတ်ပြီး ခရီးရှည် စက်ဘီးစီးနှင်းလာရာ နိုဝင်ဘာ ၂၂ ရက်နေ့က  မကွေးတိုင်း ငဖဲမြို့မှ တစ်ဆင့် ရခိုင်ရိုးမပေါ်သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

စက်ဘီးစီးရာတွင် ပါဝင်သူ ရခိုင်လူငယ် ကိုမင်းဘာချေက “ ရှမ်းပြည်နယ် မူဆယ်ကနေ ဒီလ ၁၇ ရက်နေ့က ထွက်လာခဲ့တယ်။  ကျွန်တော်တို့ မူဆယ်က စထွက်ပြီးတော့ ကွတ်ခိုင်မှာ ညအိပ်ကြတယ်။ ကွတ်ခိုင်မှာ ညအိပ် ပြီးတော့ နောက်မနက်မိုးလင်းတော့ ကျောက်မဲ ဆက်စက်ဘီးစီးတယ်။ ကျွန်တော်တို့ ကျောက်မဲမှာ ထပ်အိပ်တယ် ။ပြီးတော့ ကျောက်မဲကထွက်လာတယ်။ ကျောက်မဲက ထွက်လာပြီးတော့ ကျွန်တော်တို့ ဒီကျောက်ပန်းတောင်းမှာ ထပ်အိပ်တယ်။  ကျောက်ပန်းတောင်းက ကျွန်တော်တို့ ထွက်လာ ပြီးတော့ ကျွန်တော်တို့ မကွေးမှာအိပ်ဖြစ်တယ်။ မကွေးက မနေ့မနက်က စထွက်ဖြစ်တယ်ဗျ။ မကွေးက ထွက်ခွာလာရာမှာ ကျွန်တော်တို့ ရခိုင်ရိုးမကိုရောက်ပြီး  ဂုတ်ကြီးမှာပဲ အိပ်ကြမှာ ဖြစ်ပါတယ်” ဟု နိုဝင်ဘာ ၂၂ ရက်နေ့က ပြောသည်။

ယခုကဲ့သို့ စက်ဘီးစီးပြီး ခရီးရှည် လူပ်ရှားမှု ပြုလုပ်ရခြင်းမှာ ပိုက်လိုင်းဖြတ်သန်းရာ ဒေသမှ လူထုအသံကို နားထောင်လို၍ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ အခုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျောက်ဖြူကနေ တရုတ်နိုင်ငံထိကို သွယ်ထားတဲ့ ဂက်စ်နဲ့ ရေနံပိုက်လိုင်းတွေကြောင့် ဂက်စ်ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ လမ်းတစ်လျှောက်မှာ ဒေသခံတွေရဲ့ နစ်နာမှုတွေရှိတယ်။တစ်ချို့တွေက ဒီစိုက်ပျိုးရေးမြေတွေ ပါသွားတယ် ရှိတယ်။တစ်ချို့က ဒီရွာထဲကဖြတ်တဲ့ ပိုက်လိုင်းတွေရှိတယ်။ တစ်ချို့က ဒီဒေသခံတွေ ရေကန်တွေ အသုံး ပြုတဲ့နေ ရာတွေကို ဖြတ်ပြီးတော့ သွယ်ထားတာတွေရှိတယ်။ဒီအပေါ်မှာ တစ်ချို့ကျတော့ ပြဿနာတွေ၊ အခက်အခဲ တွေ အများကြီး ကြုံတွေ့နေရတယ်။ ဒါကိုကျွန်တော်တို့က သူတို့နဲ့ အတူတူ၊ သူတို့ ဘယ်လို ခံစားနေရသလဲ။ သူတို့တွေ ဘာတွေပြောချင်လဲပေါ့နော်။အဲ့ဒါမျိုးတွေကို ကျွန်တော်တို့သွားပြီးတော့ စကားပြောခြင်း ဖြစ်တယ်။ ဒီအပေါ်မှာပဲ ဒေသခံတွေရဲ့အသံတွေကို ကျွန်တော်တို့ ပိုပြီးတော့ ဂရုတစိုက် နားထောင် ပေးတယ်။ကျွန်တော် တို့အခုလုပ်ရတဲ့ရည်ရွယ်ချက်က အဲလိုပါ” ဟု သူက ဆက်လက် ပြောကြားသည်။

မြစ်ကြီးနားမြို့ တပ်ကုန်းရွာမှ ကိုဇိုင်းတူက “ ကျနော်တို့  Green Bike ဆိုတာက ကျွန်တော်တို့ အစိမ်းရောင်လူပ်ရှားမှုပေါ့။ အဓိက ကတော့ ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအနေနဲ့ လူတွေပိုပြီးတော့ အာရုံစိုက်လာနိုင်အောင် ဆိုပြီးတော့ ကျွန်တော်တို့ အခုလို စက်ဘီးစီးပြီးတော့ ခရီးရှည်ထွက်တဲ့ Campaign တွေလုပ်တာဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင်သူက “ အခုအချိန်ထိကတော့ ကျွန်တော်တို့ဒီ ဒေသခံတွေပြောတာကတော့ တကယ်တမ်း ထဲထဲဝင်ဝင် ရှင်းလင်း နိုင်မယ်ဆိုရင် ဒီပြည်သူတွေအနေနဲ့ ဒီပိုက်လိုင်းနဲ့ပတ်သက်ပြီးတော့ သိရှိနားလည်မှုအားနည်းတယ်ဆိုတာ သိရ တယ်ပေါ့နော်။ ပိုက်လိုင်းနဲ့ ပတ်သက်ပြီးတော့ သူတို့မှာ သူတို့ဒေသကဖြတ်ပဲဖြတ်သွားတာပေါ့။ ဒါပေမယ့်  ဒီဟာ နဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့အမြင်တွေ၊နောက်ပြီးတော့ သူတို့ဒါရဲ့ ဆိုးကျိုး၊ ကောင်းကျိုးပေါ့နော်။ ဒါဘယ်လိုဖြစ် လဲပေါ့။နိုင်ငံတော်အနေနဲ့ ဘယ်လောက်အကျိုးရှိသလဲပေါ့။ အဲ့ဒါ မျိုးတွေ သူတို့မှာ သတင်းအချက်အလက်ရရှိ   ထားတာ သိပ်မရှိဘူး။တစ်ချို့ အဲ့ဒီ သူတို့ရဲ့ နေရာတွေမှာ ပိုက်လိုင်း ဖြတ်သန်းသွားတဲ့လူတွေကျတော့လည်း တစ်ချိုကတော့ လျှော်ကြေးရတယ်။ တစ်ချို့ ကျတော့လည်း အပြည့်အဝမရဘူးပေါ့နော်။အဲ့လိုမျိုး ပြောကြတာတွေရှိတယ်” ဟု ပြောသည်။

ရရှိလာသော အချက်အလက်များကို ရခိုင်ပြည်နယ်ကျောက်ဖြူမှာ နိုဝင်ဘာ ၂၇ ရက်နေ့ တွင် ပြုလုပ်မည့် လူထုစည်းဝေးပွဲကြီးမှာ တင်ပြမည်ဟု သူက ဆိုသည်။

“ ကျွန်တော်တို့ အခုကတော့ ကျောက်ဖြူမှာ ဒီ ၂၇ ရက်နေ့ လူထုစည်းဝေးပွဲကြီးမှာ တင်ပြမှာပေါ့နော်။ ဒီဒေသခံတွေက ဒီဟာနဲ့ ပတ်သက်ပြီးတော့ သယံဇာတနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးပွဲရှိတယ်လို့ ကျွန်တော်တို့ သတင်းရပါ တယ်။ အဲ့ဒီမှာ ကျွန်တော်တို့လည်း သွားရောက်ပါဝင်ပါမယ်။ အဲ့ဒါမှာ သူတို့ရဲ့၊အဓိကကတော့ ဒီရခိုင်လူထု ဒေသခံတွေရဲ့ အသံကို ကျွန်တော်တို့နားထောင်မယ်။ နောက်ပြီးတော့ ကျွန်တော်တို့ သူတို့နဲ့ဆွေးနွေးမယ်။ခံစားချက် တွေနားထောင်မယ်ပေါ့နော်။ ဒါပြီးမှပဲ ကျွန်တော်တို့ ဘယ်လိုမျိုးရှိတယ်ဆိုတာကို ကျွန်တော်တို့ အချင်းချင်းပြန်ပြီး မျှဝေကြမယ်။ ဒီလိုမျိုးအစီအစဉ်ရှိပါတယ်ခင်ဗျ” ဟု ကချင်လူငယ် ကိုဇိုင်သူက ပြောကြားသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...