သန်းနိုင်ကုမ္ပဏီမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ကျောင်းသား ၁၆ ဦးကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်မည်

သန်းနိုင်ကုမ္ပဏီမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ကျောင်းသား ၁၆ ဦးကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်မည်

သန်းနိုင်နှင့်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ရခိုင်ပြည်နယ်မှ တက္ကသိုလ်ကျောင်းသား ၁၆ ဦးကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမည်ဟု သိရသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးရှိ ဆင်းရဲသားမိသားစုထဲမှ ပညာသင်ထောက်ပံ့ကြေးအတွက် လျှောက်ထားသူ ၆၀ ကျော်ရှိသည့်အနက် ၁၆ ဦးကို ရွေးချယ်ခဲ့သည်ဟု သိရသည်။

ပညာသင်ထောက်ပံ့ကြေး ရရှိသူများမှာ စစ်တွေမြို့ကျောင်းတက်လမ်းရပ်ကွက်နေ မောင်ဝင်းသန့်အောင် (ရန်ကုန် ဆေးတက္ကသိုလ် ၂)၊ စစ်တွေမြို့ ဘောင်းဒွတ်သားစုရပ်ကွက်နေ မခိုင်ဝေေ၀ကျော် (ရန်ကုန် ဆေးတက္ကသိုလ် ၂)၊ စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်နေ မနန္ဒာချို (ရန်ကုန် ဆေးတက္ကသိုလ် ၂)၊ မာန်အောင်မြို့နယ် နတ်ပင်ကျေးရွာနေ မမျိုးသန္တာခင် (မကွေး ဆေးတက္ကသိုလ်)၊ စစ်တွေမြို့ ကျေးပင်ကြီး ရပ်ကွက်နေ မောင်ကောင်းမြတ် (မကွေးဆေးတက္ကသိုလ်)၊ စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်နေ မညိုမီမီလွင် (စီးပွားရေး စီမံခန့်ခွဲမှု  ရန်ကုန်)၊ စစ်တွေမြို့ မင်းဂံ ရပ်ကွက်နေ မောင်ကောင်းမြတ်စည် (ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ ရွာသာကြီး)၊ စစ်တွေမြို့ ကျောင်းတက် လမ်းရပ်ကွက်နေ မဆုလှိုင်မိုး (ရန်ကုန် နည်းပညာတက္ကသိုလ်၊ သံလျင်)၊ စစ်တွေမြို့ မင်းဂံရပ်ကွက်နေ မဝိုင်းဝိုင်းစံ (စစ်တွေ နည်းပညာ တက္ကသိုလ် (Civil)၊ ပေါက်တောမြို့နယ် ဂန့်ဂျားကျေးရွာနေ မင်းဝင်းမြင့်စိုး (စစ်တွေနည်းပညာတက္ကသိုလ် (Civil)၊ မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ကျေးရွာနေ မောင်နေကျော်ဆန်း (စစ်တွေ နည်းပညာတက္ကသိုလ် (Civil) ၊ ရမ်းဗြဲမြို့နယ် ချောင်းနယ်ကျေးရွာနေ မောင်သန်းဝင်း (စစ်တွေ နည်းပညာတက္ကသိုလ် (Civil)၊ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာနေ မောင်ရဲထက်နိုင် (စစ်တွေ နည်းပညာတက္ကသိုလ် (Electric Power)၊ မင်းပြားမြို့နယ် ကမ်းနီကျေးရွာနေ မောင်စိုးနိုင် (စစ်တွေ နည်းပညာတက္ကသိုလ် (Mechanical)၊ စစ်တွေမြို့ ဝန်ထမ်းအိမ်ရာ အကွက် (၄) မင်းဂံရပ်ကွက်နေ မစုမြတ်လွင်နှင့် မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာနေ မောင်သန့်ဇော် (ကျောက်ဖြူ ပညာရေးကောလိပ်) တို့ ဖြစ်ကြသည်။

ပညာသင်ထောက်ပံ့ကြေးပေးရန်အတွက် ရွေးချယ်ရာတွင် အမှန်တကယ် ဆင်းရဲပင်ပန်းသူကို ဦးစားပေး ရွေးချယ်ခြင်းဖြစ်ပြီး၊ တက္ကသိုလ်ပေါင်းစုံအောင် ရွေးချယ်ခြင်းဖြစ်ကာ၊ အမှန်တကယ် ဆင်းရဲသူ ဟုတ်/ မဟုတ်ကို အိမ်တိုင်ရာရောက် ကွင်းဆင်း စစ်လေ့လာပြီးမှ ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်ဟု ကုမ္ပဏီပိုင်ရှင် ဦးသန်းနိုင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ပညာသင်ထောက်ပံ့ကြေးကို တစ်ဦးလျှင် တစ်လ ငါးသောင်းကျပ်နုန်းဖြင့် တစ်နှစ်အတွက် ၅ သိန်းကျပ်စီ ထောက်ပံ့ ပေးနေသည်ဟုဆိုသည်။

“ပညာသင်ထောက်ပံ့ကြေးပေးရတာကတော့ ကျနော်ကိုယ်တိုင်က ပညာကို သင်ယူလာရတဲ့အခါ ချို့ချို့တည်းတည်းနဲ့ သင်ကြားခဲ့ရတဲ့ အတွက်ကြောင့် ကျနော့်လိုများ မခံစားရအောင်နဲ့ သူတို့အတွက် ပညာသင်ကြားရာမှ တစ်ချို့တစ်ဝက် အထောက်အပံ့ဖြစ်စေဖို့ ပေးရတာဖြစ်ပါတယ်။ ကိုယ့်ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် အလုပ်အလုပ်ကြမယ့် ကလေးတွေဖြစ်ကြပါစေလို့လည်း ဆုတောင်းပါတယ်” ဟု ဦးသန်းနိုင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

သန်းနိုင်နှင့် မိသားစုကုမ္ပဏီမှ ညာသင်ထောက်ပံ့ကြေး ပေးလာသည်မှာ ယခုနှစ်ဆိုလျှင် ၄ နှစ်မြောက်ပြီ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ပညာနှစ်က ကျောင်းသား ကျောင်းသူ ၁၄ ဦးအား ပညာသင် ထောက်ပံ့ကြေး ပေးခဲ့ကြောင်း၊ ၂၀၁၈-၂၀၁၉ နှစ် ထောက်ပံ့ပေးမည့်သူများ ပေါင်းလျှင် စုစုပေါင်း ၃၂ ယောက်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ထိုအထဲတွင် ဘွဲ့ရရှိသွားသူ ၂ ဦးရှိပြီဖြစ်ကာ တက္ကသိုလ်ကျောင်းသားစုစုပေါင်း ၅၀ ဦးအထိ ထောက်ပံ့ပေးသွားမည်ဟု သိရှိရသည်။

သန်းနိုင်နှင့်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီမှာ ရသေ့တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင် မိသားစု ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...