မြစ်ကြီးနား ထောင်ကြီးတွင် ကျေးဇူးတော်ချီးမွမ်းပွဲ ကျင်းပ

မြစ်ကြီးနား ထောင်ကြီးတွင် ကျေးဇူးတော်ချီးမွမ်းပွဲ ကျင်းပ

YCC အကျဉ်းထောင်သာသနာအဖွဲ့ နှင့် ကချင်အနုပညာရှင်အဖွဲ့များ မှ မြစ်ကြီးနားမြို့ ဇီးလွန် ထောင်ကြီးတွင် ကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းပွဲ အစီအစဉ်ကို နိုဝင်ဘာ(၅) ရက်နေ့ စီစဉ် ပြုလုပ်ပေးခဲ့သည်။

အကျဉ်းသားများသည် လူ့အခွင့်ရေးဆုံးရှုံးသူများဖြစ်သည့်အပြင် အကျဉ်းသားအများစုသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသောကြောင့် သွားရောက်ပြုလုပ်ခြင်းဖြစ်သည် ဟု အကျဉ်းထောင် သာသနာအဖွဲ့ (Youth for Christ Center) ကို ထူထောင် ဦးဆောင်သူ ကချင်နာမည်ကျော် အဆိုတော် ဆရာ N’ding Ah Ja ကပြောသည်။

“အကျဉ်းထောင်ကျသူများက အသက်မသေသော်လည်း ဘဝကသေသူများဖြစ်တယ်။ လူ့အခွင့်ရေးလည်းဆုံးရှုံးတယ်။ ဒါကိုကျနော်တို့က ဖေးမ ပေးရမယ်။ သူတို့က အငယ်ဆုံးသော သူများဖြစ်တယ်။ ပြီးရင်သူတို့ုကိုဘာသာရေးဖြင့် အားပေးနှစ်သိမ့်ပေးရမယ်။ ထောင်အတွင်းထဲမှာ ဆုတောင်းပွဲတွေ ပြုလုပ်ခြင်းဖြင့် သူတို့ကို စောင့်ရှောက်ရာလည်းရောက်တယ်။”

အကျဉ်းသား အများစုသည် လူငယ်များဖြစ်ကြပြီး သက်ဆိုင်ရာ အစိုးရနှင့် ဘာသာရေးအဖွဲ့အစည်းများက မူးယစ်ဆေးဝါးသုံးစွဲသောလူငယ်များကို ပြုစုပျိုးထောင်းမှု မရှိဘဲ ထောင်ချသောကြောင့် မူးယစ်ကြောင့်အကျဉ်းကျ လူဦးရေ များလာကြောင်းဆက်ပြောသည်။

YCC အကျဉ်းထောင်သာသနာအဖွဲ့ သည် တစ်လ ၂ ကြိမ် အကျဉ်းထောင်သို့သွားရောက် ဝတ်ပြုကိုးကွယ်ခြင်းအစီစဉ် ပြုလုပ်ခြင်းမှာ ယခု ၁၈ နှစ် ပြ့ည်ပြီဖြစ်ကြောင်းသိရသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...