လက်ရှိ ကချင် ငြိမ်းချမ်းရေး အခြေအနေ စကားလက်ဆုံ ဆွေးနွေးပွဲ ပြုလုပ်

လက်ရှိ ကချင် ငြိမ်းချမ်းရေး အခြေအနေ စကားလက်ဆုံ ဆွေးနွေးပွဲ ပြုလုပ်

ကချင်ပြည်နယ်တွင်း ဖြစ်ပျက်နေသော ပဠိပက္ခများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့် စပ်လျဉ်းပြီး မတူညီသည့် ဒေသခံများကြား ဆွေးနွေးသည့် ငြိမ်းချမ်းရေးစကားလက်ဆုံ ဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၅ ရက်နေ့ ပထမဆုံးအကြိမ် မြစ်ကြီးနား ဟူးကောင်း ဟိုတယ် တွင် ပြုလုပ်ခဲ့ပါသည်။

နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ BNI ဦးဆောင်ပြီး ဒေသတွင်း ကချင်သတင်းဌာန KNG စီစဉ်မှုဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

အဓိကအားဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ တတိယအကြိမ်အထိ ကျင်းပခဲ့သည့် အချက်အပေါ် ဆွေးနွေးခဲ့ပြီး၊ ကချင်ပြည်နယ်တွင်း စစ်ပွဲ၊ စစ်ပြေးဒုက္ခအရေးနှင့် အငြင်းပွားဖွယ် လူမျိုးစု ပြဿနာ စသည့်အချက်တို့ပင် ဆွေးနွေးခဲ့ပါသည်။

“ကျမတို့အဖွဲ့အနေနဲ့ သတင်းထုတ်တာတည်းမဟုတ်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘယ်လိုပါဝင်မလဲ ဝန်းရံရမလဲ စဉ်းစားပါတယ်။ မတူကွဲပြားတဲ့ လူမှုအတိုင်းအဝိုင်းက ငြိမ်းချမ်းရေးမှာ ပါဝင်လာပြီး မတူကွဲပြားတဲ့ အမြင်တွေကို မျက်နှာချင်းဆိုင် ဆွေးနွေးစေချင်တယ်” ဟု BNI ၏ မူဝါဒ ရေးရာ ကော်မတီ ဥက္ကဌ ဒေါ်နန်းဖောဂေ ပြောပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အမျိုးသမီးများ ပါဝင်မှု နည်းပါးနေခြင်း၊ သတင်းမီဒီယာများအနေဖြင့်လည်း သတင်းရယူရန် ကန့်သတ်ခံရခြင်း၊ ပြည်နယ်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားမလည်ခြင်း စသည့် အချက်များကို လွှတ်တော်ကိုယ်စားလှယ်များ၊ သတင်းစာဆရာများ နှင့် အရပ်ဖက်အဖွဲ့အစည်းများတို့ဖြင့် စုံလင်စွာ ဆွေးနွေးခဲ့ပါသည်။

ထို့အပြင် ပြည်နယ်အစိုးရ ရင်ဆိုင်နေရသည့် စစ်ပြေးဒုက္ခသည် နှင့် တရုတ်သစ်သျှူးငှက်ပျောကိစ္စအကြောင်း၊ ပြည်နယ်လွှတ်တော် ဆုံးဖြတ်ချက်မရှိဘဲ ဗန်းမော်လမ်း ဆောက်လုပ်နေမှု စသည့် အကြောင်းအရာများကို တက်ရောက်လာသည့် လွှတ်တော်အမတ် တစ်ဦး ဒေါ်ဂျာဆိုင်းခေါ်န် (Jan. Ja Seng Hkawn) အခြေအနေ ရှင်းပြပါသည်။

ဆွေးနွေးပွဲတွင် အရပ်ဖက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ ဥပဒေရေးရာရှင်များ၊ လွှတ်တော်အမတ်များ စုစုပေါင်း ၃၀ ခန့်ဖြင့်ပြုလုပ်ခဲ့ပါသည်။

အစီစဉ်ဦးဆောင်ခဲ့သော နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ ခေါ် Burma News International (BNI) သည် မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းရင်းသားဒေသအခြေစိုက် တိုင်းရင်းမီဒီယာအဖွဲ့ များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ တစ်ခု ဖြစ်ပါသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...