Published
Thursday, November 08, 2018
ဖားကန့် ကုမ္ပဏီပေါ့ဆမှုကြောင့် နေအိမ် ၂ လုံး ပြိုကျ
ကချင်ပြည်နယ်၊ ဖားကန့်၊ ဆိပ်မူအုပ်စု မမုံကျေးရွာအနီး ကုမ္ပဏီပေါ့ဆမှုကြောင့် ယမန်နေ့ (နိုဝင်ဘာလ ၇ ရက်နေ့) နံနက်ပိုင်းအချိန်တွင် လူနေအိမ် ၂ လုံး ပြိုကျခဲ့ပြီး ထပ်မံ အိမ်ခြေ ၄၀ ခန့် ပြိုကျခါနီးရှိနေကြောင်းသိရသည်။
လူနေအိမ်အနီး ကျောက်စိမ်းတူးဖော်နေသည့် ကောင်းမြတ်သုခကုမ္ပဏီမှ အလွန်တူးနက်စွာတူးဖော်သောကြောင့် လူနေအိမ်များ ပြိုကျလာခြင်းဖြစ်သည်ဟု ဒေသခံမျက်မြင်သက်သေ ဦးမြင့်နိုင်ဦးထံမှသိရသည်။
အဆိုပါ ဒေသခံများ၏ ပြိုကျခါနီးရှိသော နေအိမ်များကို သက်ဆိုင်ရာတာဝန်ရှိသူ မမုံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို Green Land ဥက္ကဌ ဦး Ying Hkaw ကပြောဆိုသည်။







