ဖားကန့် ကုမ္ပဏီပေါ့ဆမှုကြောင့် နေအိမ် ၂ လုံး ပြိုကျ

ဖားကန့် ကုမ္ပဏီပေါ့ဆမှုကြောင့် နေအိမ် ၂ လုံး ပြိုကျ

ကချင်ပြည်နယ်၊ ဖားကန့်၊ ဆိပ်မူအုပ်စု မမုံကျေးရွာအနီး ကုမ္ပဏီပေါ့ဆမှုကြောင့် ယမန်နေ့ (နိုဝင်ဘာလ ၇ ရက်နေ့) နံနက်ပိုင်းအချိန်တွင် လူနေအိမ် ၂ လုံး ပြိုကျခဲ့ပြီး ထပ်မံ အိမ်ခြေ ၄၀ ခန့် ပြိုကျခါနီးရှိနေကြောင်းသိရသည်။

လူနေအိမ်အနီး ကျောက်စိမ်းတူးဖော်နေသည့် ကောင်းမြတ်သုခကုမ္ပဏီမှ အလွန်တူးနက်စွာတူးဖော်သောကြောင့် လူနေအိမ်များ ပြိုကျလာခြင်းဖြစ်သည်ဟု ဒေသခံမျက်မြင်သက်သေ ဦးမြင့်နိုင်ဦးထံမှသိရသည်။

အဆိုပါ ဒေသခံများ၏ ပြိုကျခါနီးရှိသော နေအိမ်များကို သက်ဆိုင်ရာတာဝန်ရှိသူ မမုံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို Green Land ဥက္ကဌ ဦး Ying Hkaw ကပြောဆိုသည်။

June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...
June 23, 2026
မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု...
June 22, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုက...