မြစ်ကြီးနား Nam Jim စီးပွားရေးဇုန် MOA အတွက် ဇန်နဝါရီ တွင် ဆွေးနွေးမည်

မြစ်ကြီးနား Nam Jim စီးပွားရေးဇုန် MOA အတွက် ဇန်နဝါရီ တွင် ဆွေးနွေးမည်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ Nam Jim (နန်ကျင်)ကျေးရွာတွင် တည်ဆောက်မည့် မြန်မာ-တရုတ် နှစ်နိုင်ငံ စိီးပွားရေးဇုန်ကို နားလည်မှုစာချွန်လွှာ(MOU)မှသည် သဘောတူညီမူစာချုပ်(MOA) အား လာမည့် ဇန်နဝါရီလတွင် ဆက်လက်ဆွေးနွေးသွားနိုင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် စီမံဝန်ကြီးဌာနမှ သိရသည်။

“လက်ရှိမှာလိုအပ်နေတဲ့ မြေပုံနဲ့ကောင်းကင်မြေပုံတွေကို ထုတ်ထားပြီဖြစ်သော်လည်း အပြီးသတ်ရန်အနည်းငယ်လိုနေတဲ့အတွက် တစ်ဘက်က ရင်းနှီးမြုပ်နှံမယ့် သူများထံသို့ မလွှဲပေးသေးပါဘူး။ အဲဒါတွေကို လွှဲပေးမှ သူတို့ဘက်ကလည်း ပညာရှင်တွေနဲ့ လိုအပ်တဲ့ ဆက်စပ်ပစ္စည်း ဝင်ရောက်စေပြီး အသေးစိတ် ဆောင်ရွက်စေမယ်။ အဲဒါတွေပြီးမှ စီမံကိန်းဘယ်လိုနေရာကနေစမယ်၊ ဘယ်လုပ်ငန်းတွေပါမယ်၊ ဘယ်နှစ်ဧက အသုံးပြုမယ်၊ ရင်းနှီးမြုပ်နှံမှု ဘယ်လောက်လုပ်မယ်ဆိုတာက်ုိ အနီးစပ်ဆုံး master plan ကြီး ကို ရေးဆွဲရမယ်။ အဲဒီ မာစတာပလန်ထွက်လာမှသာလျှင် ရင်းနှီးမြုပ်နှံမယ့် တရုတ်ကုမ္မဏီတွေနဲ့ (MOA)အတွက်် အသေးစိတ်ကိုပြန်လည် ဆောင်ရွက်သွားမှာဖြစ်တဲ့တွက် ကျနော်ထင်တယ် လာမယ့် ဇန်နဝါရီမှဘဲ ဆက်ဆွေးနွေးနိုင်မယ်ထင်တယ်” ဟု ဘဏ္ဍာရေးနှင့် စီမံဝန်ကြီး ဦးဝေလင်း ပြောသည်။

ယခုတည်ဆောက်မည့် စီးပွားရေးဇုန်သည် ကချင်ပြည်နယ်အတွက် စိီးပွားရေးအခွင့်အလမ်းများ ပေါ်ပေါက်လာရန် ရည်ရွယ်သည့်အတွက် ဒေသခံပြည်သူများတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း အလုပ်သမားခန့်အပ်ရေးဆိုင်ရာ ဖက်စပ် သဘောတူညီချက် JVA စာချုပ်တွင် အတိအလင်း ပါရှိပြီးသားဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် စီးပွားရေးဇုန်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လုပ်ကိုင်နေသည်ဟု ကောလဟာလများ ထွက်ပေါ်လာပါက ဒေသခံများ အယုံကြည် မရှိစေရန်လည်း ဝန်ကြီးကဆက်ပြောသည်။

January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...