ဖားကန့် အလယ်တန်း ကျောင်းသူ Hpauyam Ja Zin Lat ပျောက်ဆုံး နေ

ဖားကန့် အလယ်တန်း ကျောင်းသူ Hpauyam Ja Zin Lat ပျောက်ဆုံး နေ

ဖားကန့် မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေမှော်ရွာတွင် နေထိုင်သော Slg. Hpauyam La Wawm (ဦးဖောင်ယမ်လဝမ်) နှင့် Sara num Ja Tum (ဆရာမ ဒေါ်ဂျာတွမ့်) တို့၏ တစ်ဦးတည်းသော သမီး Hpauyam Ja Zin Lat (မဂျာဇင်လတ်)သည် အောက်တိုဘာ ၂၈ ရက်နေ့ တွင် ပျောက်ဆုံးသွားကြောင်းသိရပါသည်။

ပျောက်ဆုံးသွားသော Ja Zin Lat သည် အသက် ၁၃ နှစ် အရွယ်ရှိပြီး ၇ တန်းကျောင်းသူ တစ်ဦးလည်း ဖြစ်ပါသည်။

တနင်္ဂနွေနေ့ ည ၇ နာရီခန့်အချိန်တွင် ပျောက်ဆုံးသွားသည်မှာ ၃ ရက်ရှိပြီ ဖြစ်သော်လည်း ယနေ့ထိ မည်သည့် အကြောင်း တစ်စုံတစ်ရာမှ မကြားသိရသော ကြောင့် မိသားစုဝင်များက အလွန်စိတ်ပူ နေကြကြောင်း ကချင်သတင်းဌာန KNG ကို ပြောပါသည်။

အဆိုပါ Ja Zin Lat ကို တွေ့ ရှိပါက ကျေးဇူပြုပြီး ဆက်သွယ်ပေးကြပါရန် မိသားစုဝင်များမှ တောင်းဆိုပါသည်။

ဆက်သွယ်ရန် - ၀၉၄၄၄၀၂၇၉၄၈

June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...
June 23, 2026
မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု...
June 22, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုက...