မြစ်ကြီးနား ဘာသာ ပေါင်းစုံမှ ‘တိုက်ပွဲများ အလို မရှိ’ ဆန္ဒပြပွဲကြီး ပြုလုပ်

မြစ်ကြီးနား ဘာသာ ပေါင်းစုံမှ ‘တိုက်ပွဲများ အလို မရှိ’ ဆန္ဒပြပွဲကြီး ပြုလုပ်
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် ဘာသာ ပေါင်းစုံ၏ စုပေါင်း ဦးဆောင်မှုဖြင့် ပြည်သူလူထု အင်အား သုံးသောင်းခန့်ပါ၀င်သော တိုက်ပွဲများ အလိုမရှိကြောင်း ထုတ်ဖော်သည့် ဆန္ဒပြပွဲကို အောက်တိုဘာ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

လမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်း အစီစဉ်ကို မနက် ၉ နာရီတွင် စတင်ခဲ့ပြီး ကြွေးကြော်မှု မပြုဘဲ ပိုစတာများသာ ကိုင်ဆောင်ပြီး ဆုတောင်းလည့်လည်ဆန္ဒပြ ခဲ့ရာ စစ်ပြေး ဒုက္ခသည်များ အပါအဝင် ကချင်၊ ဗမာ၊ ရှမ်း၊ မွတ်စလင်၊ ဟိန္ဒူ နှင့် တရုတ် အမျိုးသားများ စုစုပေါင်း ၂၈၀၀၀ ခန် ့ပါဝင် ခဲ့သည်။

အစီစဉ် ဦးဆောင်သူ တစ်ဦးဖြစ်သူ Slg. Lungjung Tu Raw (ဦးလုံဂျံုတူးရော်) က ငြိမ်းချမ်းရေးအတွက် နို်င်ငံရေးဆွေးနွေးမှုဖြင့်သာ အဖြေရှာနိုင်မည်ဟု ပြောသည်။

“ဒီနိုင်ငံရဲ့ နိုင်ငံရေးပြဿာကို စစ်ရေးနဲ့ အဖြေရှာလို့ မရဘူး။ အဲကြောင့် နိုင်ငံရေးပြဿနာ ကို နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းလို့ရနိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ကျနော်တို့ ဆန္ဒပြပွဲက တိုက်ပွဲတွေရပ်ပြီး နိုင်ငံရေးဆွေးနွေးကြဖို့ ဖြစ်တယ်”

ငြိမ်းချမ်းစွာ လှည့်လာရာမှာ ပြည်သူများက “ပြည်ထောင်စု မြန်မာနို်င်ငံ တစ်ဝှမ်း ငြိမ်းချမ်းပါစေ၊ စစ်ပွဲများ အလိုမရှိ၊ ငြိမ်းချမ်းရေးကိုသာ အလိုရှိသည်” စသည့် ပိုစတာများ ကိုင်ဆောင်ခဲ့ကြသည်။

တပ်မတော်၏ ထိုးစစ် ရပ်တန့်ရန် မြန်မာနိုင်ငံ တစ်ဝန်း လူထု ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြပြီး မြစ်ကြီးနားမြို့တွင်း ယနေ့ ဆန္ဒထုတ်ဖော်မှုသည် အောက်တိုဘာလ အတွင်း တတိယ အကြိမ်မြောက်ဖြစ်သည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...