စစ်တပ်၊ စရဖ မှ ကွတ်ခို်င် စစ် ဆန့်ကျင် ဆန္ဒပြပွဲကို ၀င်ရောက် နှောက်ယှက်

စစ်တပ်၊ စရဖ မှ ကွတ်ခို်င် စစ် ဆန့်ကျင် ဆန္ဒပြပွဲကို ၀င်ရောက် နှောက်ယှက်
by -
ကေအဲန်ဂျီ
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ ဒေသခံ တိုင်းရင်းသားများ စုပေါင်းပြီး  အေက်တိုဘာလ ၂၁ရက် က ပြုလုပ်သော ‘ပြည်တွင်းစစ် ရပ်တန့်ရေး’ ဆန္ဒပြပွဲကို မူလ ရည်ရွယ်ချက်နှင့် ဆန့်ကျင်ဖက် ဖြစ်စေမည့် နှောက်ယှက်မှု တခုကို စစ်တပ်နှင့် စစ်ဖက်ရေးရာ လုံခြံုရေး အဖွဲ့များ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

ဆန္ဒပြပွဲ စတင်ရန် ပြင်ဆင်နေစဉ် စရဖ အဖွဲ့များက လူထု ဆန္ဒပြပွဲ၏ မူလ ရည်ရွယ်ချက် နှင့် ဆန့်ကျင်ဘက် ပိုစတာများကို ကို်င်ဆောင်ပြီး လူအုပ်ထဲ ဝင်လာကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ Slg. Brang Ja (ဦး ဘရန်ဂျာ) က ကချင် သတင်း ဌာန KNG ကို ပြောသည်။

“၈ နာရီလောက်က စရဖ အဖွဲ့တွေက ၂၀ ယောက်က လာပြီး KIA အလိုမရှိ၊ TNLA အလိုမရှိ ဆက်ကြေးကောက်ခြင်း အလိုမရှိ ပိုစတာ ကိုင်ပြီး ဝင်လာတယ်။ ကျနော်တို့က ခွင့်ပြုမိန့်ရ စာတမ်းတွေပဲ ကိုင်တယ်လို့ တစ်ခါတည်း သူတို့ကို ပြောလိုက်တယ်။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက်က အဲဒီ သူတို့ ယူလာတဲ့ စာရွက်တွေ ဝေနေတော့ သူ့ကို ရဲလက်ထဲ အပ်လိုက်တယ်”

အာဏာပိုင်များမှ ခွင့်ပြုချက်အရ ဆန္ဒပြ ပြည်သူများ ကိုင်ဆောင် ကြွေးကြော်သော အသံများမှာ “ပြည်တွင်းစစ် ရပ်တန့်ရေး၊ အသက်အိုးအိမ် လုံခြံုရေး၊ ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ စစ်ပြေးဒုက္ခသည်များအား ရိက္ခာဖြတ်တောက်မှု ရပ်တန့်ရေး၊ ကလေးငယ် နှင့် အမျိုးသမီး ဘဝ လုံခြံုရေး” တို့ဖြစ်သည်။

ယခုလို ဆန္ဒပြပွဲ၏ ရည်ရွယ်ချက်နှင့် တလွဲ အဓိပ္ပါယ် ဖြစ်စေရန် လာနှောက်ယှက်သူများတွင် စစ်တပ်မှ စစ်ဗိုလ် နှင့် စစ်သားများ၏ ဇနီးများလည်း ပါဝင်ကြောင်း Slg. Brang Ja (ဦးဘရန်ဂျာ) က ပြောသည်။

ဆန္ဒပြပွဲ တွင် ကွတ်ခိုင် ဒေသခံ ရှမ်း၊ ကချင်၊ တအောင်း၊ ဂေါ်ရခါး၊ ဗမာ၊ မုန်းဝန်း၊ ခိုလုံလီရှော၊ တရုတ် စသည့် တိုင်းရင်းသား ပေါင်းစုံမှ အင်အား ၂၀၀၀ ကျော်သည် မိမိတို့ ရိုးရာ ဝတ်စုံများနှင့် လမ်းလျှောက် ကြွေးကြော် ဆန္ဒပြခြင်း အစီစဉ်ကို မနက် ၈ နာရီမှ ၁၂ နာရီထိ ပြုလုပ်ခဲ့သည်။သို့သော် စစ်တပ်နှင့် စရဖ အဖွဲ့များ က သာမန် ဝတ်စုံ နှင့်သာ တိုးဝင်လာခြင်း ဖြစ်သည်။

ယခု လဆန်းပိုင်းမှ စပြီး မြန်မာ စစ်တပ်က ၎င်း၏ လေတပ်၊ တင့်ကားတပ်၊ လက်နက်ကြီးတပ်များ အပါအဝင် စစ်အင်အား အလုံးအရင်းဖြင့် ကချင်ပြည်နယ်တွင် ထိုးစစ် ဆင်လာသည်။

ထို့ကြောင့် ကချင်ဒေသ ထိုးစစ် ရပ်တန့်ရေးနှင့် ပြည်တွင်းစစ် ရပ်တန့်ရေး လူထု ဆန္ဒပြပွဲများကို ကချင်ဒေသ အပြင် နိုင်ငံတဝန်းနှင့် နိုင်ငံတကာမှာပါ ပြုလုပ်လာခြင်းဖြစ်သည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...