တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ၁၀ ရက်ကျင်းပမည်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ၁၀ ရက်ကျင်းပမည်

တောင်ကြီးမြို့တွင် ရိုးရာတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၁၄ ရက်မှ ၂၃ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်းသိရသည် ။

ပြီးခဲ့သည့် စက်တင်ဘာလက သျှမ်း(ရှမ်း)ပြည်နယ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဆပ်ကော်မတီ အစည်းအဝေးမှ ထုတ်ပြန်ချက်အရ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ၉ ရက်သာကျင်းပမည်ဆိုသည့်အပေါ် မီးပုံးပျံပညာရှင်များ ဒေသခံလူထုများ တောင်းဆိုမှုကြောင့် ယခင်နှစ်များအတိုင်း ၁၀ ရက်ပြန်လည်ကျင်း ပမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၇ ရက်နေ့က ကြေငြာလိုက်သည်။

“ဒေသခံလူထုရဲ့မေတ္တာရပ်ခံချက်တွေ ၊ မီးပုံးပျံပညာရှင်တွေရဲ့တောင်းဆိုမှုကြောင့် သျှမ်းပြည်နယ်အစိုးရနဲ့ မီးပုံးပျံပွဲတော်ကျင်းပရေးကော်မတီကနေပြီး အောက်တိုဘာလ ၁၇ ရက်နေ့က အစည်းအဝေးထပ်မံကျင်းပပြီးတော့ ဒါ ၁၀ ရက်အကြာပွဲကျင်းပဖို့ပြန်ပြီး ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။”- ဟုလူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက သတင်းသမားများအားပြောဆိုသည် ။

နှစ်စဉ် ရိုးရာမပျက် ကျင်းပလျက်ရှိသော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ယခုနှစ်တွင်လည်း အဝေရာမီးပုံးပျံကွင်းတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး နေ့လွှတ် အရုပ် မီးပုံးပျံ၊ ညမီးကြီး၊ စိန်နားပန် မီးပုံးပျံ အမျိုးအစားများ ပြိုင်ပွဲဝင်လွှတ်တင်ကြမည်ဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဆုပေးပွဲအခမ်းအနားကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ယမန်နှစ်က တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကိုအောက်တိုဘာလ ၂၆ မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် နေ့လွှတ် ညလွှတ် မီးပုံးပျံပေါင်း ၃၀၀ ကျော်ရှိကြောင်းသိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...