မြစ်ကြီးနား ညစျေးတန်းသစ် တွင် ရောင်းမကောင်း

မြစ်ကြီးနား ညစျေးတန်းသစ် တွင် ရောင်းမကောင်း

မြစ်ကြီးနား မြို့မစျေး ညစျေးတန်းကို နေရာသစ်သို့ ပြောင်းရွှေ့လိုက်ပြီးနောက် ရောင်း မကောင်းသောကြောင့် စျေးသည်များ အဆင်မပြေဖြစ်နေကြောင်း ပြောဆိုနေကြပါသည်။

"ခုဒီမှာက လုံးဝကို ရောင်းမကောင်းဘူး။ အရင်နေရာနဲ့ ဆိုရင် ၅ ပုံ ၁ ပုံ လောက်တောင် မရောင်းရဘူး။ အရင်နေရာကကျယ်တယ် ဒီမှာကနေရာကျဉ်းတော့ စျေးခင်းတဲ့နေရာတွေမှာလည်း အဆင်မပြေဘူး။ ပြီးတော့ ဝယ်တဲ့သူတွေကကျတော့ ပိုနည်းသွားတယ်။ ခုဒီစျေးမှာ အားလုံးလိုလို ရောင်းမကောင်းကြဘူး" ဟု စျေးသည် မချို က ပြောသည်။

စျေးသည်များသည် ယခင်က စျေး(၁)၊ စျေး(၂)တွင် ရောင်းကြပြီး နိုဝင်ဘာ ၁ ရက်နေ့မှ စကာ ညစျေးတန်း နေရာသစ်သို့ ပြောင်းရွှေ့ခဲ့ကြကြောင်း သိရသည်။

ယခုလို ပြောင်းရွှေ့ရန် စည်ပင်သာယာရေးရုံးမှ စျေးသည်များအား အောက်တိုဘာ ၂၈ ရက်နေ့တွင် ခေါ်ယူပြီး အစည်းအဝေးတစ်ရပ် ဆွေးနွေးပြီးမှ ညစျေးတန်းသစ်သို့ ပြောင်းရွှေ့ စေခဲ့ခြင်းဖြစ်သည်။

"နေရာရွှေ့တာလဲ စျေးသည်တွေ နေရာ လောက်င မှုရှိအောင် စီစဉ်ပြီး ရွှေ့တာပါ။ ကျွန်တော်တို့က သေချာ စနစ်တကျ စည်းကမ်း ရှိရှိနဲ့ ဖြစ်ချင်လို့ လုပ်ဆောင်နေတာပါ" ဟု မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ဒုတိယ ဦးစီးမှုး(စျေး) ဦးဖြိုးဝေဆန်း က ပြောသည်။

စျေးသည်များ၏ နေရာအတွက် ခရေပင်လမ်းကို အလယ်တွင် ခြားထားပေးပြီး အသား၊ ငါးများရောင်းရန် နေရာ သပ်သပ် စနစ်တကျ ပြင်စင်ထားပေးကြောင်း၊ ကုန်စိမ်းတန်းများကို ဇောဂျမ်းလမ်း အမှတ် ၁ စျေးနှင့် ရေစင်စျေးကြားတွင် ကြောချင်းကပ် တစ်တန်း၊ အမှတ် ၁ စျေး နှင့် ဧရာဦး ပန်းခြံ ကြားတွင် ကြောချင်းကပ် ၂ တန်း စီစဉ်ထားပေးကြောင်း နှင့် အခြား မိုးညင်း၊ မိုးကောင်း၊ ဆားမော် ဒေသများမှ ကုန်စိ်မ်းသည်များ အတွက်လည်း နေရာများကို သေချာ စနစ်တကျ စီစဉ်ထားပေးပြီး ယခု ပြောင်းရွှေ့ပေးထားသော နေရာများသည် ယာယီမဟုတ်ဘဲ ရေရှည် အတွက် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...
June 23, 2026
မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု...
June 22, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုက...