ဖားကန့်ကျောက်စိမ်းတွင်း လုံခြုံရေး ရဲများပစ်ခတ်မှုကြောင့် ရေမဆေး ၁ ဦး ထိခိုက်ဒဏ်ရာရ

ဖားကန့်ကျောက်စိမ်းတွင်း လုံခြုံရေး ရဲများပစ်ခတ်မှုကြောင့် ရေမဆေး ၁ ဦး ထိခိုက်ဒဏ်ရာရ

ဖားကန့်၊ မှော်ဝမ်းကြီး အနီးရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ လုံခြုံရေး ရဲများ သေနတ် ပစ်ခတ်မှု ကြောင့် ရေမဆေးသမား တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယနေ့ နံနက် ၈း၁၅နာရီအချိန်ခန့် ကောင်းဆု ရတနာကျောက်စိမ်းကုမ္မဏီ အတွင်း ကျောက်စိမ်းရှာဖွေရန်ကြိုးစားနေသော ရေမဆေးသမား ၃၀၀ ကျော်ခန့်ကို လုံခြုံရေး ရဲများက သေနတ်ပစ်ခတ် ခြိမ်းခြောက်မှုကြောင့် အသက်(၁၉)နှစ်ရှိ မောင်ဝခေါင်းနွန်း၏ ပေါင်တစ်ဖက် သေနတ်ထိမှန်ခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဖားကန့်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က KNG သတင်းဌာနသို့ ယခုလို ပြောဆိုသည်။

“ ကုမ္မဏီကလည်း နိုင်ငံတော်အကျိုးတူ တရားဝင်လုပ်နေသည့် ဖြစ်နေသည့်အတွက် ရေမဆေးသမားတွေအတွက် သတ်မှတ်ထားပေးတဲ့အချိန်တွေရှိတယ်။ ပြီးရင် သတ်မှတ်ထားပေးတဲ့ စည်းကမ်းတွေလည်းရှိတယ်။ မနက်ပိုင်း ညပိုင်း ရေမဆေးသမားတွေကိုဝင်ခွင့် ပေးထားတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေလိုက်နာမယ်ဆိုရင် ဘာပြသနာမှ ဖြစ်လာမှာမဟုတ်ဘူး။ ရေမဆေးသမားများလည်း ပေးထားသော စည်းကမ်းကို လိုက်နာရင် ယခုလို အခြေအနေတွေက ပိုဆိုးရွာလာမှာမဟုတ်ဘူး” ဟု ပြောဆိုသည်။

ထိခို်က် ဒဏ်ရာရသူ ခွဲစိတ်မှု ခံယူရန် ဖားကန့် ဆေးရုံးမှ မြစ်ကြီးနားဆေးရုံးသို့ ပို့ဆောင်ထားကြောင်း သိရပါသည်။

June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...
June 23, 2026
မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု...
June 22, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုက...