လေးမြို့မြစ်ကမ်းပြို၍ ပန်းမြောင်းတွင်နေအိမ်နှင့်စျေးဆိုင်ခန်းများ ပြောင်းရွှေ့ရ

လေးမြို့မြစ်ကမ်းပြို၍ ပန်းမြောင်းတွင်နေအိမ်နှင့်စျေးဆိုင်ခန်းများ ပြောင်းရွှေ့ရ
by -
သိန်းဇော်(မောင်တော)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းတွင်မိုးရွာပြီး လေးမြို့မြစ်ကမ်ပါး ပြိုသဖြင့် အိမ် ၅ဆောင်နှင့် ဆိုင်ခန်း တစ်ခန်း အချိန်မှီ ရွှေ့ပြောင်းလိုက်ရသည်ဟု သတင်းရရှိသည်။

ကမ်းပြိုမှုကြောင့် အိမ်များကို ဖြိုဖျက် ပြောင်းရွှေ့ခဲ့ရသူများမှာ ပန်းမြောင်းရွာမှ ဦးအောင်ထူး မိသားစုပိုင် နေအိမ်တစ်ဆောင်၊ဒေါ်စံသာနု မိသားစုပိုင် နေအိမ်တစ်ဆောင်၊ ဦးရွှေသိန်း မိသားစုနေအိမ် တစ်ဆောင်၊ ဦးထွန်းကြည် မိသားစုနေအိမ်တစ်ဆောင်၊ ဒေါ်လှပုလဲ မိသားစုနေအိမ် တစ်ဆောင်နှင့် ပိုင်ရှင်အမည်မသိ ဆိုင်ခန်းတစ်ခန်းတို့ကို ရွေ့ပြောင်းပေးခဲ့ရကြောင်း ပန်းမြောင်း တိုက်နယ် လူငယ်ပရဟိတအသင်း၏ အတွင်းရေးမှူး ဦးမျိုးခိုင်က နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

“ကျွန်တော်တို့ ဒေသက ရေစမ်းကြောဒေသဗျ။ မိုးများလာပြီဆိုလို့ ရှိရင် လေးမြို့မြစ်ကမ်းပါးက ပြတ်တောက် ပြတ်တောက် ပြိုတယ်ဗျ။ (အောက်တိုဘာ ၁၃ရက်နေ့)က ကျွန်တော်တို့ ပန်းမြောင်း တိုက်နယ် လူငယ် ပရဟိတအဖွဲ့က အိမ် ၅ဆောင်ကို ရွှေ့ပေးခဲ့ရပါတယ်။ အခု ကမ်းစပြိုတာက အောက်တိုဘာ ညနေ ၃ နာရီလောက်ကနေစဖြစ်တာပါ။ ဆိုတော့ ကိုအောင်ထူးက သူအိမ်ကို အဲဒီနေ့ ညနေကတည်းက တစ်ခြမ်း ဖြိုထားတယ်။ ကျန်တဲ့လေးအိမ်ကိုတော့  (အောက်တိုဘာ ၁၃ရက်နေ့) မနက် ၄နာရီလောက်ကတည်းက စဖြိုတာ နေ့လယ် ၂ နာရီ ၃နာရီလောက်က ပြီးခဲ့ပါတယ်” ဟု ဦးမျိုးခိုင်က ပြောသည်။

လေးမြို့ မြစ်ကမ်းမှာ မိုးရာသီတွင် နှစ်စဉ်နှစ်တိုင်း ပြိုနေကြောင်း၊ မိုးရာသီတွင် ယခုလို အခက်အခဲများနှင့် မကြာခဏ ကြုံတွေ့နေရကြောင်း၊ တာဝန်ရှိသူများနှင့် ပြည်နယ်လွှတ်တော် အမတ်များမှ လာရောက် ကူညီဖြေရှင်းပေးခြင်း မရှိကြောင်း၊ သက်ဆိုင်ရာ ဒေသ တာဝန်ခံများ၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူများ ယခုလို အခက်အခဲဖြစ်နေချိန်တွင် ကိုယ်တိုင် လာရောက်ကြည့်ရှုသင့်ကြောင်း သူက ဆက်ပြောသည်။

“ကျွန်တော်တို့ လူငယ်ပရဟိတအဖွဲ့အနေနဲ့ ပြောချင်တာက ဒီက လွှတ်တော်အမတ်တွေအနေနဲ့ အခု ဖြစ်ပျက်နေတဲ့ အနေအထားမှာ သူတို့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့တော့ လိုတယ်ဗျ။ အခု သူတို့ က မဲရပြီးကတည်းက ဒေသတွင်းအခက်အခဲကို ဘာတစ်ခုမှလာပြီးကြည့်မပေးတဲ့အတွက် ကျွန်တော်တို့ ဒေသဖွံ့ဖြိုးမှုဆိုတာလည်း အားနည်းတယ်။ ဆိုတော့ ကျွနော်တို့ ဒေသမှာ သူတို့ လွှတ်တော်အမတ်တွေ လုပ်ဆောင်ချက်က ကျွန်တော့်အနေနဲ့ မှားတယ်လို့ မြင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ ဒီပန်းမြောင်း တိုက်နယ်မှာ ပန်းမြောင်းဟာ အနီးအနား ကျွေးရွာတွေရဲ့ အဓိက အားထားရတဲ့ စျေးဝယ်တဲ့ အရပ်ဗျ။ အဲ့ဒီမှာ ပြင်ယောင်း ပန်းမြောင်းလမ်းဆိုတာကြီးက ဆိုင်ကယ်တောင်သွားလို့ မရဘူး။ အဲ့ဒီလမ်းကို သူတို့က ကုမ္ပဏီ တစ်ခုကို ပြင်ဖိုပေးလိုက်တယ်။ သူတို့ ပြင်ပေးတာ ကျောက်ကြမ်းလမ်းတောင် မဟုတ်ဘူး မြေသားလမ်း။ အခုပျက်စီးနေပြီ။ သွားလာရ အရမ်းခက်ခဲနေတယ်”ဟု ဦးမျိုးခိုင်က ပြောသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်အား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ ဦးလှသိန်းအောင်က ယခုလို ပြောသည်။

“ဟုတ်ပါတယ်။ ကျွန်တော်က ပန်းမြောင်းဒေသခံတော့ မဟုတ်ပါ။ ပန်းမြောင်း အနီးက ပြင်ယောင်းကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း ဒီနေ့ ကမ်းပြိုလို့ သွားရောက် ဆောင်ရွက်ခဲ့ရတယ်လို့ ပြောပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေက လုပ်ပေးနိုင်တဲ့ ပါဝါ ကတော့ ဖြစ်တဲ့ နေရာကို သွားပြီး လေ့လာစုံစမ်းပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို အကြောင်းကြားတယ်။ တင်ပြတယ်။ ဖြစ်နေတဲ့ ဒေသအခက်အခဲကို ဖြေရှင်းဖို့ အပိုင်းကျတော့ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့် မရှိဘူး။ အစိုးရမှာဘဲ ရှိတယ်” ဟု ပြောသည်။

ပန်းမြောင်းတွင် မြစ်ကမ်းပြို၍ အိမ်များ ပြောင်းရွှေ့ရသည့်နေ့မှာ ရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေသဖြင့် ရုံးဖွင့်သည့်နေ့မှ အုပ်ချုပ်ရေးဌာနများနှင့် ဆက်သွယ်ပြီး ပန်းမြောင်းရွာသို့ ဆင်းခိုင်းမည် ဖြစ်ကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦး လှသိန်းအောင်က ဆက် ပြောသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...