ဝိုင်းမော်မြို့နယ်အတွင်း စစ်ရှောင်များ အစိုးရစာရင်းထက် ပိုများနေ

ဝိုင်းမော်မြို့နယ်အတွင်း စစ်ရှောင်များ အစိုးရစာရင်းထက် ပိုများနေ

ဝိုင်းမော်မြို့နယ် စစ်ရှောင်စခန်းများတွင် နေထိုင်သော အမှန်တကယ် လူဦးရေ စာရင်းသည် အစိုးရတွင်ရှိသည့် လူဦးရေစာရင်းထက် များနေသောကြောင့် ၄င်းကွာဟနေမှုကို သက်ဆိုင်ရာမှ ဖြေရှင်းပေးရန် အစီစဉ်ရှိ မရှိကို ဝိုင်းမော် မြို့နယ် မဲဆန္ဒနယ် (၂) လွှတ်တော်ကိုယ်စားလှယ်မှ ယနေ့ ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒသမနေ့) တွင် အဆိုတင်ပြခဲ့ပါသည်။

စစ်ရှောင်စခန်းတွင် နေထိုင်သော လူဦးရေ စာရင်းနှင့် အစိုးရ ရရှိထားသော လူဦးရေ စာရင်းကွာဟမှုကြောင့် စစ်ရှောင်စခန်းများတွင် ပြဿနာအမျိုးမျိုးကြုံတွေ့နေရကြောင်းကို အဆိုတင်ပြခဲ့သူ ဝိုင်းမှော်မြို့နယ် မဲဆန္ဒနယ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦး Naw Li (နော်လီ) အား ကချင်သတင်းဌာန KNG မှ မေးမြန်းရာ ယခုလို ပြောဆိုပါသည်။

“အမှန်တကယ် စစ်ရှောင်စခန်းမှာရှိတဲ့ စာရင်းနဲ့ အစိုးရမှာရှိတဲ့ စာရင်းက ကွာနေတဲ့အခါ အစိုးရက ဖြစ်စေ၊ ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေဖြစ်စေ ကူညီဖို့လာရင် ပြဿနာ တက်တယ်။ လာထောက်ပံ့တဲ့ အဖွဲ့အစည်းတွေက အစိုးရမှာရှိတဲ့ လူဦးရေ စာရင်းကို ကြည့်ပြီး ပေးတယ်။ အဆောက်အဦးတွေနေရာချပေးတဲ့ အချိန်ဆိုလည်း ပြဿနာ တက်တယ်။ နောက် ငြိမ်းချမ်းလာတဲ့အချိန် ပြန်လည် နေရာချထားရေးတွေ လုပ်လာတဲ့အချိန် အစိုးရ လူဦးရေ စားရင်းမှာ မပါတဲ့သူတွေ အတွက် ပြဿနာ တက်နိုင်ပါတယ်” ဟု ပြောပါသည်။

စစ်ရှောင်ပြည်သူများ၏ လူဦးရေ စာရင်း ကွာဟမှုမျိုး မဖြစ်သင့်ကြောင့်နှင့် သက်ဆိုင်ရာ အစိုးရ အုပ်ချုပ်ရေးအဖွဲ့ အစည်းများမှ မြေပြင်နှင့်အညီ လူဦးရေ စားရင်းကို အမှန်ဖြစ်အောင် ပြန်လည် ပြုစုသင့်ကြောင်း ဆက်ပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်း စစ်ရှောင်စခန်း ၁၄ ခုရှိပြီး အစိုးရမှ လက်ခံထားသော လူဦးရေစာရင်းသည် ၆ ထောင်ကျော်သာရှိပြီး၊ လက်ရှိ လူဦးရေ စာရင်းသည် ၃ သောင်းကျော်ရှိနေကြောင်း သိရပါသည်။

June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...
June 23, 2026
မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု...
June 22, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုက...