ချိန်ကိုက်ဗုံးပေါက်ကွဲမှုကြောင့် သီပေါမြို့နယ် ဒေသခံများထိတ်လန့်မှုဖြစ်

ချိန်ကိုက်ဗုံးပေါက်ကွဲမှုကြောင့် သီပေါမြို့နယ် ဒေသခံများထိတ်လန့်မှုဖြစ်
ချိန်ကိုက်ဗုံးပေါက်ကွဲမှုကြောင့်ထိတ်လန့်ကာ သီပေါအောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်သို့ရောက်ရှိလာသည့် စစ်ဘေးရှောင်တချို့ (photo/Sai Lao Hsau)
ချိန်ကိုက်ဗုံးပေါက်ကွဲမှုကြောင့်ထိတ်လန့်ကာ သီပေါအောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်သို့ရောက်ရှိလာသည့် စစ်ဘေးရှောင်တချို့ (photo/Sai Lao Hsau)

သျှမ်း(ရှမ်း)ပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း ချိန်ကိုက်ဗုံးပေါက်ကွဲသဖြင့် ဒေသခံများ ထိတ်လန့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ချိန်ကိုက်ဗုံးသည် သီပေါမြို့နယ် နားမွန်းကျေးရွာ နှင့် နားကျိုင်း ကျေးရွာ ကြားတွင် ယမန်နေ့ အောက်တိုဘာ ၉ ရက် နေ့လည် ၃ နာရီကျော်အချိန်က ပေါက်ကွဲခဲ့ ခြင်းဖြစ်ပြီး ဒေသခံ ၂၀ ကျော်မှာ သီပေါမြို့ ပေါ်ရှိ အောင်မင်္ဂလာဘိုးတော်ကျောင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြကြောင်း နားမွန်းကျေးရွာ က ဒေသခံ လုံးဆမ် က ပြောသည်။

“ ဗုံးပေါက်သံကြားတော့ ကြောက်ပြီး ထွက်ပြေးလာတာ။ တိုက်ပွဲတော့ မဟုတ်ဘူး။ ဘယ်အဖွဲ့ဗုံးလည်းမသိဘူး” ဟု လုံးဆမ် က ဆိုသည်။

သီပေါမြို့နယ် အတွင်းတိုက်ပွဲများ မကြာခဏဖြစ်ပွားမှုကြောင့် ဒေသခံများ ထိတ်လန့်မှုနှင့်နေထိုင်နေကြကြောင်း၊ တောင်ယာများကို ကောင်းမွန်စွာ မလုပ်ကိုင်နိုင်ကြောင်း၊ ဒေသအေးချမ်းမှု လိုလားကြောင်း လည်း လုံးဆမ် က ပြောသည်။

“ မနေ့က သူတို့ ၃ နာရီကျော်လောက်ထွက်ပြေးလာတယ်။ ညနေ ၅ နာရီ ကျော်လောက် သူတို့ ရွာက သူကြီး ပြန်လာခေါ်တယ်။ ပြန်သွားကြတယ်။ အသံ ကြားရင်ထွက်ပြေးလာလိုက်။ အသံတိတ်ရင်ပြန်သွားလိုက်ပါပဲ” ဟု သီပေါမြို့ မှ ဒေသခံ စိုင်းလုံ က ပြောသည်။

သေနတ်သံ ၊ ဗုံးသံကြားပါက ဒေသခံလူထုထိတ်လှန့်ကာ ထွက်ပြေးကြကြောင်း၊ တိုက်ပွဲဖြစ်ပွားပါက ပြည်သူများသာ အဓိက ခံစားနေရကြောင်း၊ သီပေါမြို့နယ် အတွင်း မကြာခဏ တိုက်ပွဲ ဖြစ်ပွားမှု ကြောင်း ပြည်သူများ ကောင်းမွန်စွာ စီးပွား မရှာစားနိုင်ကြောင်းလည်း စိုင်းလုံ က ပြောသည်။

တိုက်ပွဲများ အမြန်ရပ်ဆိုင်းကာ တောင်ယာ ကောင်းမွန် ပြန်လုပ်ကိုင် ချင်ကြပြီ ဟုလည်း သီပေါမြို့ နယ် ဒေသခံများက ဆိုသည်။

သီပေါမြို့နယ် တွင် တိုင်းရင်းသားလက်နက်ကိုင် များ၊ မြန်မာ့တပ်မတော်ကြားခဏ တိုက်ပွဲဖြစ်ပွားသည်နေရာဖြစ်သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...