စိတ်မနှံ့သည့်မိန်းကလေးအား အဓမ္မပြုကျင့်သူကို ရဲတပ်ဖွဲ့မှအပူတပြင်းရှာဖွေနေ

စိတ်မနှံ့သည့်မိန်းကလေးအား အဓမ္မပြုကျင့်သူကို ရဲတပ်ဖွဲ့မှအပူတပြင်းရှာဖွေနေ
by -
မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွာသစ်ကေ ကျေးရွာမှ စိတ်မနှံ့သူ မိန်းခလေး တစ်ဦးအား အဓမ္မပြုကျင့်ပြီး ထွက်ပြေးသွားသူကို အမြန်ဆုံးဖမ်းမိနိုင်ရေးအတွက် ရဲကအပူတစ်ပြင်း ပိုက်စိပ်တိုက်ရှာဖွေနေကြောင်းလည်း သိရသည်။

“ သူ့ကို ကျွန်တော်တို့ အပူတစ်ပြင်းလိုက်ရှာနေတယ်။ ဒေသခံတွေ အနေနဲ့လည်း သူကို တွေ့ရင်၊ သူဘယ်မှာရှိတယ်ဆိုတာကို ကြားသိရင် ကျွန်တော်တို့ဆီကို အမြန်ဆုံး အကြောင်းကြားဖို့လိုပါတယ်” ဟု အပေါက်ဝနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးဇော်က နိရဥ္စရာသို့ပြောသည်။

ကျောက်တော်မြို့နယ် ရွာသစ်ကေကျေးရွာမှ စိတ်မနှံ့သည့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အသက် ၅၂ နှစ်အရွယ် ဦးထွန်းစိန်မောင်ဆိုသူက အောက်တိုဘာလ ၂ ရက်နေ့တွင် အဓမ္မပြုကျင့်ခဲ့ပြီး ဦးထွန်းစိန်မောင်အား ဖမ်းမမိလိုက်ဘဲ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

အဆိုပါမှာအမှုမှာ အဓ္ဓမမှုမြောက်သည်ဟု အပေါက်ဝတိုက်နယ်ဆေးရုံ၏ ဆေးစစ်ချက်တွင် ဖော်ပြထားသည်ဟု စခန်းမှူးက ပြောသည်။

သို့သော် ရဲလုပ်ငန်း လုပ်ထုံးလုပ်နည်းအရ ထိုအဝတ်အစားများတွင် သုတ်ရေသုတ်ပိုး ရှိ/မရှိကိုသိနိုင်ရန်နှင့် အမှု ပိုမိုခိုင်မာစေရန်အတွက် စိတ်မနှ့ံသည့်မိန်းကလေး၏အဝတ်အစားများအား ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဟု သိရသည်။

"အဲဒီမိန်းကလေးဝတ်ခဲ့တဲ့အဝတ်အစားတွေကို ဓာတုဗေဒဌာနကို ဓာတ်ခွဲစမ်းသပ်ဖို့ ပို့မှာပါ။ နောက်တစ်ရက်နှစ်ရက်ဆိုပို့ပါ့မယ်"ဟု စခန်းမှူး ရဲအုပ်ဌေးဇော်က ပြောသည်။

"ကျမတို့ကတော့ အဲဒီတရားခံရဲ့ အသက်ကိုပဲ လိုချင်နေပါတယ်"ဟု အဓမ္မပြုကျင့်ခံရသူ၏မိခင်က နိရဥ္စရာသို့ ပြောသည်။

အဓမ္မပြုကျင့်ခဲ့သူ ဦးထွန်းစိန်မောင်သည် မြောက်ဦးမြို့နယ် ကန့်သရီကျေးရွာ ဇာတိဖြစ်ပြီး ရွာသစ်ကေ ကျေးရွာတွင် အိမ်ထောင်ကျနေသည့် ကျပန်းလုပ်ကိုင်သူဟု ရဲက ပြောသည်။

September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...
ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...