ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ALDမှ ဒေါ်သက်သက်အေး တာမွေမြို့နယ်တွင်မဲဆွဲစည်းရုံးရေး ပြုလုပ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ALDမှ ဒေါ်သက်သက်အေး တာမွေမြို့နယ်တွင်မဲဆွဲစည်းရုံးရေး ပြုလုပ်
by -
သိန်းဇော်(မောင်တော)

လာမည့် နိုဝင်ဘာ ၃ ရက်နေ့ ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ဒေါ်သက်သက်အေးသည် မဲဆွဲစည်းရုံးမှု ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၇ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သက်သက်အေးသည် တာမွေမြို့နယ် မဲဆန္ဒနယ်တွင် သူမအားထောက်ခံသူများနှင့် အတူ ကားများဖြင့် လှည့်လည်ကာ မဲဆွဲစည်းရုံးရေး ပြုလုပ်ခဲ့သည်။

“ရခိုင်ပါတီတစ်ခုဖြစ်တဲ့ အတွက် အားလုံးက အားပေးကြပါတယ်။ ကျွန်မတို့က ငြိမ်းချမ်းပြီး စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုဆီသို ့ ရည်ရွယ်ပြီး သွားနေကြတာပါ။ တိုင်းရင်းသားပါတီ တစ်ခု ဖြစ်တဲ့ ကျွန်မတို့ကို ရခိုင်ပြည်သူတွေ ရှိတဲ့နေရာမှာ ရခိုင်ပါတီကို အားပေးရမှာပေါ့” ဟု ဒေါ်သက်သက်အေးက ပြောသည်။

၎င်းပြင် တာမွေမြို့နယ်ရှိ တစ်ခြား ရခိုင်မဟုတ်သော တိုင်းရင်းသား လူမျိုးများကိုလည်း သူမအား မဲပေးကြရန် လက်ကမ်းစာစောင်များ၊ ဆော်သြမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

“ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူက ဖက်ဒရယ်ပြည်ထောင်စုကို ရည်ရွယ်ထားတာပါ။ တိုင်းရင်းသား ပါတီ တစ်ခု ဖြစ်တဲ့ ကျွန်မကို မဲပေးခြင်းအားဖြင့် တိုင်းရင်းသားအချင်းချင်းကြားမှာ ချစ်ကြည်မှုက ပိုပြီး ခိုင်မာလာပါ။ အနိုင်ရခဲ့လို့ရှိရင် ဒီမြို့နယ်အတွက် ကျန်းမာရေး၊ ပညာရေး၊ အစရှိသဖြင့် ကျွန်မနိုင်တဲ့ ဘက်က လုပ်ပေးသွားမှာ ဖြစ်ပါတယ်” ဟုလည်း ပြောဆိုသည်။

တာမွေမြို့နယ် အတွင်း စည်းရုံးရေးကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပြီး ၎င်းမြို့နယ် အတွင်းရှိ ရခိုင်လူထု၏ မဲကို ရရှိနိုင်မည်ဟု ယုံကြည် မျှော်လင့်ကြောင်း သူမက ပြောကြားသည်။

ယမန်နေ့ က မဲဆွယ် စည်းရုံးရေး လုပ်ဆောင်ရာတွင် လက်ကမ်း စာစောင် ( Pamphlet ) များကိုလည်း ဖြန့်ဝေခဲ့ပြီး ၎င်းစာစောင်ထဲတွင် “တာမွေမြို့နယ် ပြည်သူတွေရဲ့ လိုအပ်ချက်ကို ပြည်သူ့လွှတ်တော်ထဲမှာ ရဲရဲဝံ့ဝံ့ လုပ်ဆောင်သွားဖို့ ကျွန်မက တာဝန်ယူပါရစေ” စသော စာသားများအပါအဝင် “ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြင့်တင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်” ဟု ရေးသားထားသည်။

လစ်လပ် တာမွေမြို့နယ် ပြည်သူ့လွှတ်နေရာကို NLD၊ USDP စသော ပါတီကြီးများမှ ကိုယ်စားလှယ်များ အပါဝင် (၉) ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...