မြောက်ဦးမြို့နယ်တွင် သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်းသင်တန်း ပြုလုပ်

မြောက်ဦးမြို့နယ်တွင် သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်းသင်တန်း ပြုလုပ်
by -
နောင်ခိုင်အောင်

ရခိုင်ပြည်နယ် မြောက်ဦးမြိုနယ် ရွာဟောင်းတောကျေးရွာတွင် သဘာဝမြေဩဇာပြုလုပ်နည်းနှင့် သုံးစွဲနည်းသင်တန်းတစ်ခုကို လယ်သမား ၃၀ ခန့်နှင့် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

"ကျနော်တို့က မျိုးဆက်သစ်တွေအနေနဲ့ လယ်မြေတွေကို အမွေဆက်ခံတဲ့အခါ မြေဆီမြေဩဇာတွေကောင်းတဲ့ လယ်မြေတွေကို ရရှိစေချင်တယ်။ သဘာဝ မြေဆီ မြေသြဇာတွေကို ဘယ်လို ပြုလုပ်လို့ ရတယ်။ ဘယ်လို ထိန်းသိမ်းရင်ရတယ်ဆိုတာတွေကို အသိပညာပေးလိုတဲ့ အတွက် အခုလိုမျိုး သင်တန်းကို လာရောက်ပို့ချရတာဖြစ်ပါတယ် " ဟု သင်တန်းဆရာ ကိုဝေဖြိုးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

သင်တန်းကို တောင်သူလယ်သမားများ ဥပဒေအထောက်အကူပြုကွန်ရက်(ရခိုင်ပြည်)မှ ဦးစီး ပြုလုပ်နေခြင်းဖြစ်ကာ အောက်တိုဘာ ၃ ရက်နေ့မှ ၅ ရက်နေ့ထိ ၃ ရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင် သိရသည်။

"ကျနော်တို့ရခိုင်မှာက သိတဲ့အတိုင်းပဲလေ။ တောင်သူလယ်သမားတွေက နည်းပညာတွေတအား လိုအပ်တယ်။ ဒါကြောင့် တောင်သူတွေအတွက် လိုအပ်တဲ့နည်းပညာတွေအတွက် အထောက်အကူတစ်ခုဖြစ်စေချင်တာပါ။" ဟု တောင်သူလယ်သမားများ ဥပဒေအထောက်အကူပြု ကွန်ရက်မှ ဦးကျော်ထွီးက ပြောသည်။

ယခုကဲ့သို့ သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်းသင်တန်း ပြုလုပ်ခြင်းကြောင့် လယ်ယာမြေများ၏ မြေဆီမြေနှစ်များကို ထိမ်းသိမ်းရာရောက်ကြောင်းနှင့် လိုအပ်သည့်အတတ်ပညာများကိုလည်း ရရှိလိုက်ကြောင်း သင်တန်းတက်ရောက်နေသူ လယ်သမားများကပြောသည်။

"ကျနော်တို့အတွက်ကတော့ တော်တော်လေးကို တန်ဖိုးရှိတဲ့ပညာပါ။ အခုဆိုလို့ရှိရင် ကျနော်တို့ဟာ သဘာဝမြေဩဇာတွေကို ဘယ်လိုလုပ်မယ်။ ဘယ်လိုသုံးစွဲမလဲဆိုတာကို သိရတယ်။ ကျနော်တို့ လယ်သမားတွေအတွက် တော်တော်လေးအထောက်အကူဖြစ်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု လယ်သမားတစ်ဦးဖြစ်သူ ဦးကျော်ဝင်းလှိုင်က ပြောသည်။

အဆိုပါသင်တန်းကို ရွာဟောင်းတောကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းသား ၃၀ ခန့် ကို သဘာဝမြေဩဇာများ ပြုလုပ်မှုအဆင့်ဆင့်နှင့် သုံးစွဲနည်း များကို သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်းသိရသည်။

September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...
ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...