ကန်ပိုက်တီ မြို့ပတ်လမ်း ပြုပြင်ရန် အဆို ကချင်ပြည်နယ်လွှတ်တော် အတည်ပြု

ကန်ပိုက်တီ မြို့ပတ်လမ်း ပြုပြင်ရန် အဆို ကချင်ပြည်နယ်လွှတ်တော် အတည်ပြု

ကချင်ပြည်နယ် မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့် ကန်ပိုက်တီမြို့၏ မြို့ပတ်လမ်း ကွန်ကရစ် ခင်းရန်တွက် (၁၃)ကြိမ်မြောက် ကချင်ပြည်နယ် အစိုးရလွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

ဤအဆိုကို တင်သွင်းခဲ့သည့် ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ် (၂) မှ လွှတ်တော်ကို်ယ်စားလှယ် ဦးနော်လီ (Z Hkam Re) ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

"ကန်ပိုက်တီမြို့ဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့နယ်စပ်မြို့ဖြစ်တယ်။ တစ်ဖက်မှာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတယ်။ အဲတော့ ကန်ပိုုက်တီမြို့ ဥမင်လိုဏ်ခေါင်းကို ကျော်တာနဲ့ တစ် ဖက်နိုင်ငံကိုရောက်သွားခဲ့တဲ့ချိန်မှာ ကျနော်တို့နိုင်ငံနဲ့ အရမ်းကို ကွာခြားပြီးတော့ ဒီဘက် ကိုရောက် လာတဲ့ချိန်မှာ အရမ်းကို သိမ်ငယ်စိတ်တွေ ဖြစ်ပေါ်စေပါတယ်။ အဲတော့ နိုင်ငံရဲ့ မျက်နှာဖုံး တစ်ခု လည်းဖြစ်နေတယ်။ ခုကျနော်တို့ ဒီမိုကရေစီ နိုင်ငံဖြစ်လာပြီးတဲ့နောက်ပိုင်း ၂၀၁၀ နောက်ပိုင်း ၈ နှစ်တာ တွင်းမှာ ကန်ပိုက်တီမြို့တွက် ဘာမှဆောင်ရွက်ပေးတာ မရှိတဲ့တွက် ဒီအဆိုက်ုိတင်ခဲ့တာဖြစ်တယ်" ဟု ၎င်းကပြောသည်။ 

ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ်၏ လွှတ်တော်ကို်ယ်စားလှယ်ဖြစ်သည့် ဦးနော်လိီ (Slg. Naw Li)သည် ကန်ပိုက်တီဒေသခံများနှင့် ၂၀၁၆ခုနှစ်မှာတစ်ကြိမ်၊ ၂၀၁၇ ခုနှစ်မှာဌာနဆိုင်ရာတွေနှင့်အတူ ဒုတိယအကြိမ်ထပ်မံတွေ့ဆုံခဲ့ပြီး ၂၀၁၈ ဇူလိုင်လမှ တတိယအကြိမ် ဌာနဆိုင်ရာတွေနှင့်အတူ လူထုတွေနှင့် ၃ကြိမ် တွေ့ဆုံခဲ့သည်။ သွားရောက်တွေ့ဆံမှုတိုင်း တူညီနေသည့်အချက်မှာ မြို့ပတ်လမ်းကို ကွန်ကရစ်လမ်းခင်းပေးရန် အဓိက တောင်းဆိုနေခြင်းတွေ့ရသည့်အတွက် ယခုလု်ိအဆိုတင်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ကန်ပိုက်တီမြို့သည် မြန်မာနိုင်ငံ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထိန်ချံူးနှင့် ထိစပ်နေသော ကုန်သွယ်ရာ နယ်စပ်ဂိတ်တွေရှိသည့် မြို့ဖြစ်သည့်အပြင် နိုင်ငံတော်အစိုးရကလည်း လုပ်ဆောင်ပေးခြင်းမျိုး မရှိသေးသည့်အတွက် ယခုလက်ရှိအစိုးရအနေနှင့် မြို့ပတ်လမ်းကို ဆောင်ရွက်ပေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ကန်ပိုက်တီမြို့သည် စည်ပင်ဝင်ငွေ မရှိသည့် မြို့ဖြစ်သည့်အတွက် ပြည်နယ်အစိုးရ၏ ဘတ်ဂျက်နှင့် လာမည့် ၂၀၁၉-၂၀၂၀ တွင် စတင်အကောင်အထည် ဖော်နိုင်တော့မည် ဖြစ်ကြောင်းသိရသည်။ လမ်းအရှည် ပေ (၅၄၀၀) ဖြစ်ပြီး ကုန်ကျမည့် ဘတ်ဂျက် အကြမ်းအား လျာထားငွေ သိန်း ၃၀၀၀ ခန့်ကုန်ကျမည် ဖြစ်ကြောင်းသိရသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...