ကန့်ကွက်မှုကြောင့် မြစ်ကြီးနား ကချင် ကောက်သစ်စား မနောပွဲတော် ရပ်ဆိုင်း

ကန့်ကွက်မှုကြောင့် မြစ်ကြီးနား ကချင် ကောက်သစ်စား မနောပွဲတော် ရပ်ဆိုင်း

နိုဝင်ဘာလ ၁၄-၁၅ ရက်နေ့တွင် ကျင်းပပြုလုုပ်မည့် ကောက်သစ်စား (Nlung Nnan Chyeju Shakawn) မနောပွဲတော်ကို ယမန်နေ့ (အောက်တိုဘာ (၃)ရက်နေ့)တွင် ပြုလုပ်သည့် ကချင်ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ အစည်းအဝေး၌ တရားဝင်ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ပြည်သူလူထုဘက်မှ လုံးဝ သဘောမတူသည့် ပွဲဖြစ်သည့်အတွက် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်သည့် လူငယ်ကိုယ်စားလှယ် ကို Awng Mai (အောင်မိုင်)မှ သိရသည်။ 

ယမန်နေ့ဆွေးနွေးပွဲတွင် ရိုးရာယဉ်ကျေးမှု ကော်မတီ၊ ဒေသခံ ရပ်မိရပ်ဖများ၊ လူငယ်များ အဓိက ပါဝင် ဆွေးနွေးခဲ့ကြသည်။

ယင်း ကောက်သစ်စား မနောပွဲတော်ကို မပြုလုပ်သင့်ကြောင်း လူမှုကွန်ယက််စာမျက်နှာပေါ်တွင် ဝေဖန်မှုများရှိလာသည့်နောက် ရိုးရာ အဖွဲ့အစည်းများမှလည်း ကန့်ကွက်စာများ ပေးပို့လာသည့်အတွက် ယခုလို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...