နိုဝင်ဘာလ ၁၄-၁၅ ရက်နေ့တွင် ကျင်းပပြုလုုပ်မည့် ကောက်သစ်စား (Nlung Nnan Chyeju Shakawn) မနောပွဲတော်ကို ယမန်နေ့ (အောက်တိုဘာ (၃)ရက်နေ့)တွင် ပြုလုပ်သည့် ကချင်ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ အစည်းအဝေး၌ တရားဝင်ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ပြည်သူလူထုဘက်မှ လုံးဝ သဘောမတူသည့် ပွဲဖြစ်သည့်အတွက် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်သည့် လူငယ်ကိုယ်စားလှယ် ကို Awng Mai (အောင်မိုင်)မှ သိရသည်။
ယမန်နေ့ဆွေးနွေးပွဲတွင် ရိုးရာယဉ်ကျေးမှု ကော်မတီ၊ ဒေသခံ ရပ်မိရပ်ဖများ၊ လူငယ်များ အဓိက ပါဝင် ဆွေးနွေးခဲ့ကြသည်။
ယင်း ကောက်သစ်စား မနောပွဲတော်ကို မပြုလုပ်သင့်ကြောင်း လူမှုကွန်ယက််စာမျက်နှာပေါ်တွင် ဝေဖန်မှုများရှိလာသည့်နောက် ရိုးရာ အဖွဲ့အစည်းများမှလည်း ကန့်ကွက်စာများ ပေးပို့လာသည့်အတွက် ယခုလို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။







