Published
Wednesday, October 19, 2016
ကရင်ဘာသာ အစီအစဉ် (အောက်တိုဘာ ၁၉၊ ၂၀၁၆)
ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ မွန်ပြည်သစ်ပါတီ (NMSP)တို့အနေနဲ့ တုုိင်းရင်းသားအဖွဲ့တွေ ကြားပဋိပက္ခ ထပ်မံမဖြစ်ဖိုု့ သဘောတူညီမှုရယူခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကနေ အိန္ဒုကျေးရွာအထိ ဆက်လက်ဖောက်လုပ်မည့် အာရှအဝေးပြေး လမ်းမကြောင့် ဒေသခံတွေနစ်နာမှုမရှိစေရေးအတွက် အာရှဖွ့ံဖြိုးရေးဘဏ်(ADB)က လုပ်ဆောင်ပေးသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကရင်ပြည်နယ် မဲသဝေါဒေသက စစ်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံရွာသားတွေက နေထိုင်စားသောက်မှုနဲ့ သွားလာရေးမှာအခက်အခဲဖြစ်နေပါတယ်။






