နမ္မတီး Pat Jasan အဖွဲ့ကို အစိုးရမှ ပထမအကြိမ် ဂုဏ်ပြု

နမ္မတီး Pat Jasan အဖွဲ့ကို အစိုးရမှ ပထမအကြိမ် ဂုဏ်ပြု

လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ၏ လုပ်ဆောင်ချက်များကို အစိုးရ ရဲတပ်ဖွဲ့မှ အတိအမှတ်ပြုသည့် ဂုဏ်ပြုမှတ်တမ်းလွှာကို နမ္မတီး လမ်းခွကျေးရွာမှ ပထမဆုံး လက်ခံရရှိခဲ့သည်။

ဒေသတွင်း ‘မှုခင်းကျဆင်းရေးလုပ်ငန်းများနှင့် ရဲတပ်ဖွဲ့လုပ်ငန်းများအား အောင်မြင်စွာ အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ပံပိုးပေး’ သောကြောင့် အောက်တိုဘာ ၁ ရက်နေ့တွင် ကျင်းပသည့် (၅၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် မိုးကောင်းမြို့နယ် နမ္မတီး ရဲတပ်စခန်းမှ နမ္မတီး Lambraw Yang (လမ်းခွ) ပတ်ဂျဆန် (PJS) အဖွဲ့ ကို ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်ဟု ပြောပါသည်။

Pat Jasan ခေါ် လူထုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကို ၂၀၁၄ မှ စတင်ပြီး ကချင်ပြည်နယ်အနှ့ံ ဖွဲ့စည်းခဲ့ပြီး ဘိန်းခင်း ဖျက်ဆီးသည့်အပြင်၊ မူးယစ်သောက်စား ရောင်းဝယ်သူများ ကို အရေးယူ ဖော်ထုတ်မှုများ ပြုလုပ်နေသော အဖွဲ့ဖြစ်ပါသည်။

ဖွဲ့စည်း လှုပ်ရှားခါစ နှစ်များတွင် PJS အဖွဲ့ နှင့် အစိုးရ အမြင်မတူ သဘောထားကွဲလွဲမှုများ ရှိခဲ့သောကြောင့် ပြဿနာအမျိုးမျိုးများကို ရင်ဆိုင်ခဲ့ရသည်ဟု နမ္မတီး၊ လမ်းခွ လူထုအခြေပြုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦး Thomas Nhkang က ပြောဆိုသည်။

သို့သော်လည်း ယခုလို အစိုးရ ရဲတပ်ဖွဲ့ နှင့်လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ စည်းလုံးလာသည့်အပေါ် အထူးဝမ်းသာပီတိဖြစ်လာကြောင်း နှင့် မိမိအဖွဲ့အစည်းအချင်းချင်းလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် အထူး လိုအပ်ကြောင်းကို ဆက်ပြောသည်။

လမ်းခွ ကျေးရွာ PJS အဖွဲ့သည် ၂၀၁၈ နှစ်မကုန်ခင် ၄င်းတို့ကျေးရွာကို ‘မူးယစ်ကင်းစင်သော စံပြ ကျေးရွာ’ အဖြစ် သတ်မှတ်နိုင်ရန် ကြိုးစားနေကြောင်း ပြောပါသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...