မြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်ဆိုင်းခြင်း ၇ နှစ်ပြည့် ဆုတောင်းပွဲ ပြုလုပ်

မြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်ဆိုင်းခြင်း ၇ နှစ်ပြည့် ဆုတောင်းပွဲ ပြုလုပ်

ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းခြင်း (၇)နှစ်ပြည့်သည့် အထိမ်းအမှတ် အားဖြင့် ယမန်နေ့ (အောက်တိုဘာလ ၁ ရက်နေ့)မနက် တန်ဖရဲကျေးရွာ မြစ်ဆုံတွင် ဆုတောင်း အခမ်းအနား တစ်ရပ် ကျင်းပပါသည်။

အဆိုပါ အခမ်းအနားကို ‘အချိန်တန်ပြီ’ ဆိုသည့် ခေါင််းစဉ်နှင့် ကျင်းပခဲ့ကြပြီး မြစ်ဆုံဒေသခံများနှင့်အတူ အစိုးရအဖွဲ့အစည်းများ၊ ပါတီပေါင်းစုံ၊ သွေးချင်းဧရာဝတီ ကွန်ယက်၊ ဘာသာရေးအဖွဲ့အစည်းပေါင်းစုံ နှင့် ပြည်သူလူထု ၁၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

“နိုင်ငံတော်အစိုးရ အနေနဲ့ တရုတ်ကုမ္မဏီရဲ့စကားကို နားထောင်မလား၊ ကျနော်တို့ဒေသခံတွေရဲ့ စကားကိုနားထောင်မလား၊ တရုတ်ကုမ္မဏီများ ကြီပွားတိုးတက်ချမ်းသာနေတာကို မြင်ချင်လား၊ မြစ်ရိုးတစ်လျှောက်က အလောင်းပုံတွေကိုမြင်ချင်လား၊ ဆုံးဖြတ်ဖို့ အချိန်တန်ပြီ။ နောက်ပြီးတော့ SPIC ကုမ္မဏီအနေနဲ့ ဆန်ပို့ပြီးတော့ မျှော်လင့်ချက်ကြီးစွာနဲ့ ဆက်ကြိုးစားနေမလား၊ ဘယ်လိုဘဲ ကြိုးစားကြိုးစား လုံးဝ လုံးဝ ဆောက်ပေးမှာ မဟုတ်ဘူး၊ ကျနော်တို့ခေတ်မှာ မအောင်မြင်ရင်လည်း သားစဉ်မြေးဆက် ကန့်ကွက်သွားမယ်။ အဲကြောင့် နောက်ဆုတ်ဖို့ အချိန်တန်ပြီ။ နောက်ပြီးတော့ ဒေသခံတွေအနေနဲ့လည်း ဒီဆည်ကိုဆောက်ခွင့်ပေးပြီး မိမိအသေခံမလား၊ ဒီဆည်မဆောက်နိုင်အောင် အသက်နဲ့အမျှကာကွယ်မလား ဆုံးဖြတ်ဖို့ အချိန်တန်ပြီ” ဆိုပြီး ၎င်းဆွေးနွေးပွဲတွင် ဒေသခံ Slg. Lashi Awng Lat (ဦး ရှီးအောင်လတ်)မှ ပါဝင်ဆွေးနွေးခဲ့ပါသည်။

SPIC အနေဖြင့် မြစ်ဆုံဒေသတစ်ဝိုက် လူထုကို စည်းရုံးရေးပြုလုပ်နေခြင်း နှင့် ထောက်ပံ့ကူညီပေးမှုများ အတွက်လည်း မြစ်ဆုံ စီမံကိန်းကို ခွင့်မပြုပေးနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။

ထို့နောက် စီမံကိန်းကို ရာသက်ပန် ကန့်ကွက်ကြောင်း ကြွေးကြော်သံများဖြင့် ဆန္ဒ ဖော်ထုတ်ခဲ့သည်ကို တွေ့ရပါသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...